
နေပြည်တော် စက်တင်ဘာ ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်သည် စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ မုံရွာမြို့ တိုင်းအားကစားရုံတွင်လည်းကောင်း၊ ညနေပိုင်းတွင် စစ်ကိုင်းမြို့ရှိ ရဲလေ့ကျင့်ရေးကျောင်းတွင် လည်း ကောင်း၊ စက်တင်ဘာ ၁၈ ရက် မနက်ပိုင်းတွင် ပခုက္ကူမြို့ နယ်မြေခံတပ်နယ်ခန်းမတွင် လည်း ကောင်း လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ဆုံအမှာစကား ပြောကြားသည်။
ထိုသို့ တွေ့ဆုံအမှာစကားပြောကြားမှုများတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဖြစ်ပေါ်လာရသည့် အခြေအနေများ၊ အေးချမ်းစွာဆန္ဒပြမှု ဖြစ်စဉ်များအတွင်း ဒီမိုကရေစီ ကျင့်စဉ်များနှင့်အညီ နားလည်လက်ခံခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ အပြစ်မဲ့အရပ်သားပြည်သူလူထုများ၊ ကလေးငယ်များပါမချန် လုပ်ကြံသတ်ဖြတ်လာမှု အပေါ် ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက် ၍ လက်ရှိဆောင်ရွက်လျက်ရှိသည့် အခြေအနေများ နှင့် ဆက်လက်ဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှု အခြေ အနေများ၊ နိုင်ငံတည်ငြိမ်ရေးအတွက် သောင်းကျန်း သူချေမှုန်းရေးတွင် တပ်မတော်နှင့် ပူးပေါင်းဆောင် ရွက်ခဲ့မှုအခြေအနေများ၊ တစ်မျိုးသားလုံး လူညွန့် တုံးစေသည့် မူးယစ်ဆေးဝါး ပပျောက်ရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ပြည်သူ လူထုနှင့် ပူးပေါင်း၍ ရပ်/ရွာ အေးချမ်းသာယာရေး အတွက် အကြမ်းဖက်သောင်းကျန်းသူများကို ပြတ်ပြတ်သားသား ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်သွားမည့် အခြေအနေများကို အကျယ် တဝံ့ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စစ်ကိုင်း မြို့ရှိ ရဲလေ့ကျင့်ရေးကျောင်းကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား မှာကြားသည်။
ယင်းနောက် သင်တန်းကျောင်းရှိ တပ်ဖွဲ့ဝင် များ၏ မိသားစုဝင်များအား တွေ့ဆုံ၍ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို တွေ့ဆုံမေးမြန်း ကာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်