
မော်လမြိုင် စက်တင်ဘာ ၁၇
မော်လမြိုင်မြို့ ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး၌ အန္တရာယ်ကင်း အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့က ရင်ပြင်တော်ပဋ္ဌာန်းဓမ္မာရုံ၌ ကျင်းပရာ ဆရာတော်အရှင်သူမြတ် တို့ထံမှ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အလှူရှင်များက ငါးပါးသီလခံယူကြပြီး ပဋ္ဌာန်းကျမ်းမြတ်၊ ပရိတ်ရေအိုးနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း၍ ရေစက်သွန်း လောင်း အမျှပေးဝေသည်၊၊
ဆက်လက်ပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံဖြူ ဇရပ်မြို့နယ် တောင်ဖလုကျေးရွာ လမ်းဦးစီးဌာနမှ သံဖြူဇရပ်- ကျိုက္ခမီလမ်း သုံးမိုင် ကတ္တရာ ကွန်ကရစ် ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေး သည်၊၊
ဆက်လက်၍ နှစ်ကိုင်း ကျေးရွာသို့ ရောက်ရှိကာ နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ်အထွေထွေ ရန်ပုံငွေဖြင့် တောင်ဝိုင်းဘုရား လမ်း ပေ ၃၀၀၀၊ ရွာလယ်လမ်း ပေ ၁၂၀၀၀ ကတ္တရာခင်းခြင်း နှင့် ကျိုက္ခမီ - ကဒတ်ထောက် ပင်လယ်ကမ်းခြေပတ်လမ်း ငါး ဖာလုံကတ္တရာခင်းခြင်း ဆောင် ရွက်ပြီးစီးမှုများကို ညွှန်ကြားရေး မှူးက ရှင်းလင်းရာ ပြည်နယ် ဝန်ကြီးချုပ်က သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးရေးနှင့် ကျိုက္ခမီ-ကဒတ်ထောက် စက်စဲ ကမ်းခြေပတ်လမ်း ဖြစ်စေရေး ဘဏ္ဍာရေးနှစ်များတွင် လျာထား ဆောင်ရွက်ရန် တာဝန်ရှိသူများ အား မှာကြားသည်၊၊
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုက္ခမီမြို့ ဆုတောင်းပြည့် ရေလယ်ဆံတော် ရှင် မြတ်ဘုရားအား ဖူးမြော် ကာ ဘုရားကြီးဘက်စုံ ပြုပြင် မွမ်းမံ တည်ဆောက်ရေးအတွက် အလှူငွေများ လှူဒါန်းပေး၍ ဘုရားမြေထိန်းနံရံ ပြင်ဆင်ထားမှု၊ ဘုရားဖူးပြည်သူများ စိတ်အေး ချမ်းသာစေရေး View Point ဆောင်ရွက်ထားရှိမှုနှင့် စက်စဲ အခြေခံပညာ အထက်တန်း ကျောင်း၌ အလျား ပေ ၉၀၊ အနံ ပေ ၃၀ အာစီနှစ်ထပ်အဆောက် အအုံ တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် စက်စဲကျေးရွာ ဓမင်းဆိပ် ဥစားဘဲမွေးမြူရေးခြံသို့ ရောက်ရှိပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီး မှူးက သံဖြူဇရပ်မြို့နယ်အတွင်းဥစားဘဲမွေးမြူထားရှိမှု၊ ဘဲဥထွက် ရှိမှုများကို ရှင်းလင်းရာ ဝန်ကြီး ချုပ်က မွေးမြူရေးအစားအစာ လိုအပ်ချက်များရှိပါက ပေါင်းစပ် ညှိနှိုင်းပေးရေး၊ ဒေသတွင်း ဖြန့်ဖြူးရောင်ချပေးရေးနှင့် ရိက္ခာ ပိုလျှံစေရေး ပူးပေါင်းဆောင်ရွက် ကြရန် လမ်းညွှန်မှာကြားကြောင်း သိရသည်၊၊
ဇာဖြူဝင်း(ပြန်/ဆက်)