
နေပြည်တော် စက်တင်ဘာ ၁၇
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူ ချောမွေ့စွာ စစ်ဆေးထုတ်ပေး လျက်ရှိသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်
ထိုသို့ထုတ်ပေးရာတွင် စက်တင်ဘာ ၁၇ ရက်က ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီရှစ်ခုမှ Vitamin C+ Zinc + D3 Tablets ၂၀၄၀၊ Rosinox (Enoxparin Sodium) ၁၁၀၀၀၊ Enoxa-K40 Injection ၈၀၀၀ ၊ Softgels Of Vitamins Minerals ၁၁၄၀၀၊ Test Kit ၁၀၂၆၀၊ Centrifuge “Bbrc-101” နှစ်ခု၊ Blocheminal Analyzer လေးခု။
ရန်ကုန်ဆိပ်ကမ်းများ
ရန်ကုန်ဆိပ်ကမ်းများမှ Oxygen Concentrator ၁၆၇ ခု၊ Dis-Posable Gown ၁၀၅၁၅၀၊ PPE ၁၁၀၈၂၇ ခု၊ Oxygen Plant ၁၄ ခု၊ Oxygen Cylinders ၁၀၀၀၊ Oxygen Regulators ၁၀၄၀၊ Oxygen Mask ၂၀၀၀၀၊ Face Mask ၁၇၃၄၃၁ ခုနှင့် ဆေးမျိုးစုံ ခြောက်မျိုး ၂၈၈၀၃၉ Kg ။
နယ်စပ် (ချင်းရွှေဟော်၊ မြဝတီ)
နယ်စပ် (ချင်းရွှေဟော်၊ မြဝတီ) တွင် ကုမ္ပဏီငါးခုတို့မှ Mask ၉၉၁၀ Kg ၊ PPE ၂၅၀၀၊ Oxygen Plant တစ်ခု၊ Oxygen Mask ၂၀၀၊ Gloves ၁၆၀၉၄ Kg ၊ Glucose/Sodium Chloride Injection ၁၂၆၄၈၀ Kg ၊ Vitamin-C Injection ၁၀၁၇၆ Kg တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်