စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းဆောင်ရွက်ပြီး ပြန်လည်ထွက်ခွာလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ လိုက်ပါလာသည့် ယာဉ်တန်းအား အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က ရီမုလက်လုပ်ဆွဲမိုင်းဖြင့် ဖောက်ခွဲတိုက

 

နေပြည်တော် စက်တင်ဘာ ၁၇


စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ မြို့နယ်၌ ကိုဗစ်-၁၉   ကာကွယ် ဆေး ထိုးခြင်းလုပ်ငန်းဆောင်ရွက် ပြီး       ပြန်လည်ထွက်ခွာလာ သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ လိုက်ပါ လာသည့်ယာဉ်တန်းအား အကြမ်း ဖက်လက်နက်ကိုင်အဖွဲ့က    ရီမု လက်လုပ်ဆွဲမိုင်းဖြင့်   ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


 ဖောက်ခွဲတိုက်ခိုက်


ဖြစ်စဉ်မှာ   ၂၀၂၁   ခုနှစ် စက်တင်ဘာ   ၁၆  ရက်  နံနက် ၇ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသ ကြီး ကန့်ဘလူမြို့နယ်   မလယ် ကျေးရွာ စိန်ပန်းဘုန်းကြီးကျောင်း ၌ ကန့်ဘလူမြို့    ခုတင်(၁၀၀) ဆေးရုံမှ ဒေါက်တာ နေမိုး ဦးစီး ပူးပေါင်းအဖွဲ့တို့က  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်၍ မွန်းလွဲ ၂ နာရီ မိနစ် ၅၀ တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါလျက် မလယ်ကျေးရွာမှ ကန့်ဘလူမြို့သို့ မော်တော်ယာဉ် လေးစီးဖြင့်   ပြန်လည်ထွက်ခွာ လာစဉ်    ရေအေးကျေးရွာအနီး အရောက်   ကားလမ်းမပေါ်တွင် အကြမ်းဖက်လက်နက် ကိုင်အဖွဲ့(စိစစ်ဆဲ)က ရီမုလက်လုပ် ဆွဲမိုင်းငါးလုံးဖြင့်     ဖောက်ခွဲ တိုက်ခိုက်ခဲ့သဖြင့်    ပေါက်ကွဲမှု ကြောင့်   Hilux  Double   Cab နှစ်ခန်းတွဲယာဉ်၏ နောက်ပိုင်းနှင့် ရှေ့တံခါးအနည်းငယ် မိုင်းစထိမှန် ပျက်စီးခဲ့သည်။


စစ်ဆေးမှုများဆောင်ရွက်


ထိုသို့အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း လုံခြုံ ရေးတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေး ဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိ ခြင်းမရှိကြောင်းနှင့် ရီမုလက်ဆွဲ မိုင်းဖြင့်  ဖောက်ခွဲတိုက်ခိုက်ခဲ့သူ များအား   ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး နယ်မြေခံ တပ်မတော်စစ်ကြောင်း များနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း ကာ    အသေးစိတ်ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများ          ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။


သတင်းစဉ်