ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော် စက်တင်ဘာ ၁၇


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊  ထိန်းချုပ်၊ ကုသရေးဆိုင်ရာ   ပစ္စည်းများကို လေကြောင်း၊   ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်း နိုင်ရေးအတွက်       အချိန်နှင့် တစ်ပြေးညီ   စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ   လေဆိပ်၊ ဆိပ်ကမ်းများနှင့်       မြဝတီ၊ ချင်းရွှေဟော်နယ်စပ်စခန်း နှစ်ခု တို့မှ တင်သွင်းရာ၌ ကုမ္ပဏီလေးခု မှ ယာဉ်စီးရေ  ငါးစီးဖြင့် အောက် ဆီဂျင်(အိုးခွံ) ၁၀၀၀ ၊ Oxygen Plant ၁၅ ခု၊ အိမ်သုံး Oxygen Concentrator ၃၆၇ ခု၊ Covid Test   Kit   ၁၀၂၆၀   ၊   PPE ၁၅၇၁၇၇  စုံ၊  လက်အိတ်  ၁၆  တန်နှင့် နှာခေါင်းစည်း (Mask) ၃၂   တန်  တင်သွင်းခဲ့သည်။ ​ Oxygen Plant ၁၅ ခုမှာ ဆိပ်ကမ်း မှ ရန်ကုန်မြို့သို့ ၁၄ ခုနှင့် ချင်းရွှေ ဟော်မှ မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့သို့ တစ်ခုဖြစ်ကြောင်း သိရှိရသည်။


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊    ကုသရေးဆိုင်ရာ ပစ္စည်းများကို ပြည်ပမှ တင်သွင်း ရာတွင်   နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့်  သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက်   ရှိကြောင်းနှင့် ဆေးဝါးနှင့်  ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းနှင့် သက်ဆိုင်သည့် အသိပေးကြေညာချက်များကို လည်း အများပြည်သူ သိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm   တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရှိ ရသည်။


သတင်းစဉ်