အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် ပြင်ဦးလွင်သည် ခွဲခြား၍ရနိုင်မည်မဟုတ်ဘဲ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုနေသည့် ဥယျာဉ်ကြီးဖြစ်သည့်အတွက် ဥယျာဉ်သာယာလှပရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးလုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်

နေပြည်တော်   စက်တင်ဘာ   ၁၆


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊    နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်   ယနေ့နံနက်ပိုင်း တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊     ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့်  တာဝန်ရှိသူ များနှင့်အတူ      မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ ဆင်လမ်းရေလှောင်တမံ နှင့် အမျိုးသား ကန်တော်ကြီးဥယျာဉ်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်ခရိုင်  ဆင်လမ်းရွာ၏ မြောက်ဘက် ၂ ဒသမ ၅ မိုင်ခန့်အကွာရှိ ဆင်လမ်းရေလှောင်တမံသို့ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ 


ထို့နောက်   ရှင်းလင်းဆောင်တွင် သယံဇာတနှင့်   သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး    ဦးခင်မောင်ရီ၊   မန္တလေးတိုင်း ဒေသကြီး    ဆည်မြောင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး     ဦးဇော်မင်းနိုင်နှင့် တာဝန်ရှိသူများက သီးနှံများ ပိုမိုစိုက်ပျိုး ထုတ်လုပ်နိုင်ရေး၊ ရေကြီးမှုဘေးအန္တရာယ် မှ  ကာကွယ်နိုင်ရေးနှင့် ဒေသစိမ်းလန်း စိုပြည်ရေးကိုရှေးရှု၍      ရေလှောင်တမံ စီမံကိန်း ဆောင်ရွက်ခဲ့မှု၊  ရေလှောင်တမံ ကြံ့ခိုင်မှုရှိစေရေး    စစ်ဆေးဆောင်ရွက် လျက်ရှိသည့်    အခြေအနေ၊   နေ့စဉ် သောက်သုံးရေ ဖြန့်ဝေပေးလျက်ရှိသည့် အခြေအနေနှင့် မိုးရွာသွန်းမှုအခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။


အမြဲမပြတ် ကြည့်ရှုစစ်ဆေး


ရှင်းလင်းတင်ပြမှုများအ‌ပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က ဆင်လမ်းရေလှောင်တမံ သည်    ပြင်ဦးလွင်မြို့အနီးဝန်းကျင်၌ လိုအပ်သည့် သောက်သုံးရေများဖြန့်ဝေပေးနိုင်ရေး       လုပ်ဆောင်ထားခြင်း ဖြစ်သဖြင့်   ရေလှောင်တမံ  ရေရှည် တည်တံ့ရေးအတွက် လိုအပ်သည့်ကြံ့ခိုင်မှု စစ်ဆေးခြင်းများကို အမြဲမပြတ်ကြည့်ရှုစစ်ဆေးနေရမည်ဖြစ်ကြောင်း၊ သစ်တော များပြုန်းတီးလာခြင်းသည်  ရေအရင်း အမြစ်ရရှိခြင်းကို   ထိခိုက်စေနိုင်သည် ဖြစ်သဖြင့် ရေလှောင်တမံဧရိယာအတွင်း စိုက်ခင်းများပြုလုပ်ခြင်း၊ ထင်းခုတ်ခြင်း၊ မီးသွေးထုတ်လုပ်ခြင်းများ    လုပ်ကိုင်မှု မရှိစေရန်     အသိပညာပေးခြင်းများ လုပ်ဆောင်၍   ထိရောက်စွာ  ကြပ်မတ် တားမြစ်ရမည်ဖြစ်ကြောင်း၊ ရာသီသီးနှံ စိုက်ခင်းများသည်လည်း ရေဝေ၊ ရေလဲ ဧရိယာရှိ မြေဆီလွှာကို ပျက်စီးစေနိုင် သောကြောင့်    ရေလှောင်တမံဧရိယာ အတွင်းရှိ သစ်ပင်သစ်တောများထိန်းသိမ်း ခြင်း လုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ ရေလှောင် တမံကြံ့ခိုင်မှုကို စစ်ဆေးခြင်းများအပြင် ဒေသခံများ၏   ရေလိုအပ်ချက်  ပမာဏ မြင့်မားလာပါက   ရေလှောင်တမံအား ထပ်မံအဆင့်မြှင့်တင်   သိုလှောင်နိုင်ရေး နှင့် စနစ်ကျနစွာ ရေပေးဝေနိုင်ရေးအတွက် နည်းပညာရပ်ပိုင်းဆိုင်ရာ ကြိုတင်မျှော်မှန်း တွက်ချက်ခြင်းများကို ဆောင်ရွက်ထားရှိ ရန်လိုကြောင်း  မှာကြားသည်။


မှာကြားဆွေးနွေး


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်   အဖွဲ့ဝင်များသည်  ရေလှောင်တမံ အတွင်း ရေသိုလှောင်ထားရှိမှုနှင့် ရေပေး ဝေရေး   ပိုက်လိုင်းလမ်းကြောင်းများ ဆောင်ရွက်ထားရှိမှု    အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား  မှာကြားဆွေးနွေး ဆောင်ရွက်သည်။ 


ထို့နောက် ဆင်လမ်းရေလှောင်တမံ နှင့် ပြင်ဦးလွင်မြို့ ဆက်သွယ်ထားသည့် လမ်းကြောင်းတစ်လျှောက်အား မော်တော် ယာဉ်များဖြင့်     လှည့်လည်ကြည့်ရှု၍ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိဘဲ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များ လုပ်ဆောင်နိုင်မည့် အခြေအနေနှင့် လမ်းပန်းဆက်သွယ်မှု   ကောင်းမွန်ရေး လုပ်ဆောင်နိုင်မည့်    အခြေအနေတို့ကို ကြည့်ရှုလေ့လာခဲ့ကြသည်။


ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်     အဖွဲ့ဝင်များသည်    အမျိုးသား ကန်တော်ကြီးဥယျာဉ်သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြ သည်။ 


ထို့နောက် ဥယျာဉ်ရှင်းလင်းဆောင် ခန်းမတွင်   စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး   ဦးတင်ထွဋ်ဦး၊     သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်    ထိန်းသိမ်းရေး ဝန်ကြီးဌာန       ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊       သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်      ဒေါက်တာ သောင်းနိုင်ဦးနှင့်     တာဝန်ရှိသူများက အမျိုးသားကန်တော်ကြီးဥယျာဉ်ဆိုင်ရာ အချက်အလက်များ၊ သစ်ပင်သစ်တော များ ပြုန်းတီးခြင်းကြောင့် ရေအရင်းအမြစ် များ အားနည်းလာခြင်း၊ သဘာဝရေထွက် များမှ ရေထွက်ရှိမှုမရှိခြင်း၊ ရေဝင်ပေါက် များမှ ရေဝင်ရောက်မှုအားနည်းခြင်းနှင့် အခြားအကြောင်း     အမျိုးမျိုးကြောင့် ဥယျာဉ်အတွင်းရှိ ရေကန်များတွင် ရေခန်း ခြောက်မှုများ  ကြုံတွေ့ခဲ့ရသည့်  အခြေ အနေများ၊ ထိုသို့  ကြုံတွေ့ခဲ့ရမှုကြောင့် နိုင်ငံတော်   စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ    ကန်တော်ကြီး ဥယျာဉ်အတွင်းရှိ ရေကန်များသို့ ရေဝင် ရောက်သည့် ရေဝင်ပေါက်များ၊ မြေအောက် ရေနုတ်မြောင်းများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည့် မွမ်းမံပြင်ဆင်မှုများ နှင့် ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့မှုကြောင့် ရေဝင်ပေါက်များမှ ရေများပြန်လည်စီးဝင် လျက်ရှိသည့် အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ  ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ် ခြင်းများ ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများကို ရှင်းလင်းတင်ပြကြသည်။


စနစ်တကျ ကြပ်မတ်ထိန်းသိမ်း


ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က အမျိုးသားကန်တော်ကြီး ဥယျာဉ်နှင့် ပြင်ဦးလွင်သည် ခွဲခြား၍ရနိုင် မည်မဟုတ်ဘဲ   ဒေသဖွံ့ဖြိုးတိုးတက်ရေး ကို  များစွာအထောက်အကူပြုနေသည့် ဥယျာဉ်ကြီးဖြစ်သည့်အတွက် ဥယျာဉ် သာယာလှပရေး၊  ရေရှည်တည်တံ့ခိုင်မြဲ ရေးလုပ်ငန်းများကို   အထူးအလေးထား ဆောင်ရွက်နေကြရမည်    ဖြစ်ကြောင်း၊ ကန်များရေခန်းခြောက်မှုများကို ကာကွယ် နိုင်ရေးအတွက်  ရေရရှိနိုင်မည့် ရေဝင် လမ်းကြောင်းများကို အမြဲမပြတ် စစ်ဆေး ထိန်းသိမ်းနေမှသာလျှင်    ရေစီးဆင်းမှုကောင်းမွန်မည်ဖြစ်ကြောင်း၊ သစ်တော ဦးစီးဌာနကလည်း   ပြုန်းတီးသစ်ပင်များ နေရာတွင် အစားထိုး ပြန်လည်စိုက်ပျိုး လုပ်ဆောင်သွားရန်လိုကြောင်း၊ ပြင်ဦးလွင် မြို့၌ ယခင်က အရိပ်မဲ့ကော်ဖီစိုက်ပျိုးခြင်း များ လုပ်ဆောင်ခဲ့ရာမှ သစ်ပင်သစ်တော များ ပြုန်းတီးမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ ခွင့်ပြုပေးထားသည့် စိုက်ပျိုးမြေများတွင် စိုက်ပျိုးရေး    လုပ်ဆောင်ခြင်းမရှိဘဲ လူနေထိုင်ခြင်း၊    ကွန်ကရစ်လမ်းများ ခင်းခြင်း၊ ရေထွက်ပေါက်များမထားရှိဘဲ အပိတ်ပုံစံဖြင့်      အဆောက်အအုံများ ဆောက်လုပ်ခြင်းများကြောင့်လည်း  ရေ အရင်းအမြစ်ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိ ကြောင်း၊ ထို့ကြောင့် သတ်မှတ်စည်းကမ်း များနှင့် ကိုက်ညီမှုရှိစေရေး စနစ်တကျ ကြပ်မတ်ထိန်းသိမ်း  လုပ်ဆောင်ကြရန် လိုကြောင်း၊ ဥယျာဉ်အတွင်းရှိ ကန်များမှ ရေစိမ့်ထွက်မှုမရှိစေရေးနှင့်   ပြုန်းတီးမှု မဖြစ်ပေါ်စေရေးအတွက်လည်း နည်းပညာ ပိုင်းဆိုင်ရာများအရ တွက်ချက်၍ လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြ ရန်  လိုအပ်မည်ဖြစ်ကြောင်း ပြန်လည် ဆွေးနွေးမှာကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အမျိုးသားကန်တော်ကြီး ဥယျာဉ်အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ် သည်များ မှာကြားခဲ့သည်။


ယင်းနောက် မွန်းလွဲပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်        အဖွဲ့ဝင်များသည် ကန်တော်ကြီးဥယျာဉ်သို့       ရေဝင် လမ်းကြောင်းတစ်ခုဖြစ်သည့် ပြင်ဦးလွင် မြို့နယ် ညောင်နီကျေးရွာရှိ သဘာဝစိမ့်စမ်း ရေထွက်ပေါက်နေရာနှင့်  ကန်တော်ကြီး ပတ်လမ်းရှိ ရေဝင်ရောက်ရာလမ်းကြောင်း များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ရေလမ်းကြောင်း  ထိခိုက်မှုမရှိစေရန် ကာကွယ်ထိန်းသိမ်းရန်  လိုအပ်သည့် အခြေအနေများနှင့်ပတ်သက်၍ လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်