
ပုဂံ စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဓမ္မရာဇက ဘုရားကြီး၏မြောက်ဘက်ခြမ်းရှိ အပြင်မဟာရံ တံတိုင်းသည် စက်တင်ဘာ ၁၆ ရက် နံနက် ၇ နာရီခန့်က ပြိုကျပျက်စီးခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ သိရသည်။
အဆိုပါ ဓမ္မရာဇကဘုရားကြီး မြောက်ဘက် ခြမ်း မဟာရံတံတိုင်း၏ အလျား ၂၂ ပေ၊ အမြင့် ရှစ်ပေ၊ ထုနှစ်ပေခန့် ပြိုကျပျက်စီးသဖြင့် ညောင်ဦးခရိုင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ တာဝန်ရှိသူများ သွားရောက်ကြည့်ရှုတိုင်းတာပြီး ရှေးမူမပျက်ပြန်လည်ပြင်ဆင်နိုင်ရေး ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)