ဘားအံမြို့၊ မုံရွာမြို့နှင့် ပြင်ဦးလွင်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

နေပြည်တော်  စက်တင်ဘာ  ၁၆ 


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သောပူးပေါင်းအဖွဲ့သည်  စက်တင် ဘာ ၁၄ ရက် ညနေ ၆ နာရီတွင် ဘားအံမြို့ အမှတ်(၆)ရပ်ကွက် ကမ္ဘောဇလမ်းနေ   ကျော်စည်သူ နိုင်(ခ)ကျော်ရဲနိုင်၏  နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ       နေအိမ် အိပ်ခန်းအတွင်းရှိ ကြမ်းပြင်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား   ၁၄၀၀ သိမ်းဆည်းရမိခဲ့ပြီး    စစ်ဆေး ပေါ်ပေါက်ချက်အရ  ည  ၇  နာရီခွဲ တွင် ဘားအံ-ဇာသပြင်  ကားလမ်း ဇာသပြင်(အနောက်)  ကျေးရွာ အနီးတွင် မောင်ငယ်ကို  ဆိုင်ကယ် တစ်စီးနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀   ထပ်မံသိမ်းဆည်းရမိခဲ့ ကြောင်း၊ ထို့နောက် ဘားအံမြို့နယ်  ကော့ ဒိုက်ပြင်ကျေးရွာနေ စောခင် ဇော်၏နေအိမ်သို့   ဆက်လက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀      သိမ်းဆည်းရမိခဲ့သဖြင့် ကျော်စည်သူနိုင် (ခ)  ကျော်ရဲနိုင်  (၂၈နှစ်)၊ မောင်ငယ် (၆၆နှစ်)နှင့် စောခင်ဇော် (၅၀နှစ်)တို့ကိုလည်း   ကောင်း ဖမ်းဆီးရမိသည်။


အလားတူ စက်တင်ဘာ ၁၅ ရက် မွန်းတည့် ၁၂ နာရီတွင်    မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်    ပြည် ထောင်စုလမ်းအနီးတွင် သိုင်းထက်  စိုး(ခ)သိုင်းထက် မောင်းနှင်လာ သည့်   ဆိုင်ကယ်ကို     ရပ်တန့် စစ်ဆေးရှာဖွေရာ      ဆိုင်ကယ် လက်ကိုင်တွင်    ချိတ်ထားသည့် ဘိန်းဖြူ သုည ဒသမ ၀၉၉၈ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် သိုင်းထက် စိုး(ခ)   သိုင်းထက်   (၂၆နှစ်) ကို လည်းကောင်း၊  စက်တင်ဘာ ၁၅ ရက် နံနက် ၁၁ နာရီတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည်     ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာအနီးတွင် ဇော်နိုင် မောင်းနှင်ပြီး  မထိပ်ထားလိုက်ပါ လာသည့် ဆိုင်ကယ်ကို   ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃၈၀၀၀ ကိုလည်းကောင်း   သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော   ဆေးဝါးများဆိုင်ရာ ဥပဒေအရ  အရေးယူ ထားကြောင်း သိရသည်။                

သတင်းစဉ်