
ချင်းရွှေဟော် စက်တင်ဘာ ၁၆
တရုတ်နိုင်ငံရှိ မြို့အသီးသီးတွင် အလုပ် သွားရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၅၄ ဦးအား တရုတ်နိုင်ငံ နယ်ခြားစောင့် လူဝင်မှု စစ်ဆေး ရေးဌာန၊ ရဲမှူး ကျန်းကျင်းကွေး ဦးဆောင်သောအဖွဲ့က ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ တရုတ်- မြန်မာနယ်စပ်စစ်ဆေးရေး စခန်းသို့ ချင်းရွှေဟော်နှစ်နိုင်ငံနယ်စပ် တံတား ပေါ်တွင် ယမန်နေ့က လွှဲပြောင်းပေးအပ်ခဲ့ရာ အမှတ် (၁၂၉) ရှေ့တန်းခြေလျင်တပ်ရင်းမှ ဒုတိယ ဗိုလ်မှူး ကြီးထွန်းမင်းခိုင်၊ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ဦးပိုင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ လဝကမှူး ဦးကျော်မိုး ၊ ရဲတပ် ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့ဖြင့် စိစစ်လက်ခံ ဆောင်ရွက် ကြောင်း သိရသည်။
အဆိုပါရွှေ့ပြောင်းလုပ်သားများသည် ချင်းရွှေ ဟော်၊ မူဆယ်၊ ကန်ပိုက်တီးမြို့တို့ရှိ နယ်စပ်ဂိတ် များမှလည်းကောင်း၊ တရားမဝင် တောလမ်းများမှ လည်းကောင်း တရုတ်နိုင်ငံသို့ သွားရောက်ကြပြီး တရုတ်နိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများတွင် ဝင်ရောက် လုပ်ကိုင်ရာမှ နယ်မြေကျော်ဝင်ရောက်မှုဖြင့် ဖမ်းဆီး ခံခဲ့ရပြီး ထောင်ဒဏ်ကျခံကာ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးသူများ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် အမျိုးသား ၃၄ ၊ အမျိုးသမီး၂၀ စုစုပေါင်း ၅၄ ဦးအား ချင်းရွှေဟော် ပြည်သူ့ဆေးရုံတာဝန်ခံနှင့် ကျန်းမာ ရေး ဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးပေးပြီး ရပ်ကွက်(၃)ရှိ အခြေခံပညာအထက်တန်းကျောင်း ယာယီကန့်သတ်စောင့်ကြည်ရေး စင်တာတွင် ပို့ဆောင်ထားရှိသည်။ ၎င်းတို့အား သတ်မှတ်ရက် အတွင်း ကိုဗစ်- ၁၉ ရောဂါစစ်ဆေးပြီး ပိုးမတွေ့သူ များအား ၎င်းတို့နေရပ်ဒေသများသို့ ပြန်လည် စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။
စည်သူမောင်မောင်