
လင်းဟန်သစ်
အစိုးရသစ်ရဲ့ စစ်တမ်းဖော်ပြချက်အရ ဂျပန်နိုင်ငံရဲ့ အဓိကစီးပွားရေးလုပ်ငန်းကုမ္ပဏီတွေကြား စီးပွားရေး ရလဒ်လွှမ်းခြုံသုံးသပ်ချက်ဟာ တတိယသုံးလပတ် တာကာလမှာ ပထမဆုံးအကြိမ်အဖြစ် တိုးတက် လာခဲ့ပါတယ်။
စီးပွားရေးလုပ်ငန်းအများစု တိုးတက်လာ
ဇူလိုင်လက စက်တင်ဘာလအထိ ဖတ်ထားတဲ့ စီးပွားရလဒ်အညွှန်းကိန်းဟာ ၃. ၃ ရှိပါတယ်။ ဒါဟာ အရင်သုံးလပတ်ကဖြစ်ခဲ့တဲ့ အနုတ် ၄ . ၇ ကနေပြီး တက်လာတာဖြစ်ပါတယ်။ အပေါင်း ကိန်းက ဘာကိုဖော်ပြသလဲဆိုရင် စီးပွားရေး လုပ်ငန်းအများစုရဲ့ အခြေအနေဟာ တိုးတက် လာတာကို ဖော်ပြပါတယ်။
ကုမ္ပဏီပေါင်း ၁၀၀၀၀ ကျော်ပါဝင်ဖြေဆိုထား
ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ဝန်ကြီးရုံးတို့ရဲ့ စစ်တမ်းကို တုံ့ပြန်ဖြေဆိုထားတဲ့ ကုမ္ပဏီပေါင်း ၁၀၀၀၀ ကျော် ရှိပါတယ်။ ဒီအညွှန်းကိန်းဟာ အဓိကကုန်ထုတ်လုပ်သူတွေအပါအဝင် ကုန်ထုတ် လုပ်သူမဟုတ်သူတွေပါ တိုးတက်လာတာကို ဖော်ပြ ပါတယ်။ ဂျပန်နိုင်ငံမှာရှိတဲ့ လူတွေ ကိုဗစ်- ၁၉ ကာကွယ်ဆေးတွေ ပိုမိုထိုးနှံလာတာနဲ့အညီ ထုတ်လုပ်သူတွေမဟုတ်တဲ့ အဆောက်အအုံနေရာ ထိုင်ခင်းတည်းခိုခန်းတွေအပါအဝင် စားသောက် ဆိုင်တွေလည်း တတိယသုံးလပတ်အတွင်း ပထမ အကြိမ်အနေနဲ့ အနုတ် ၆ . ၂ ကနေ ၁ . ၅ အထိ တိုးတက်လာပါတယ်။
ယုံကြည်မှုအညွှန်းကိန်းကို မြင့်တက်စေ
ဝယ်လိုအားမြင့်တက်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ကားသုံးချစ်ပ်တွေနဲ့ တစ်ပိုင်းလျှပ်ကူးပစ္စည်း ပြတ်တောက်သွားခြင်းက စက်ပစ္စည်းအစိတ်အပိုင်း ထုတ်လုပ်သူတွေကြား ယုံကြည်မှုအညွှန်းကိန်းကို မြင့်တက်စေခဲ့သလို ဂျပန်နိုင်ငံရဲ့ ထုတ်လုပ်သူတွေ အတွက် အညွှန်းကိန်းဟာ အရင်သုံးလပတ်က အနုတ် ၁ . ၄ ကနေပြီး ၇ . ၀ အထိ နှစ်လတာ ကာလအတွင်းမှာ ပထမဆုံးအကြိမ်မြင့်တက်လာ ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ချစ်ပ်တွေပြတ်တောက် လာတဲ့အတွက် ကားတွေအတွက် ချစ်ပ်ပစ္စည်းတွေ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်မှုတွေမှာ တောင်းဆိုချက်တွေ များလာခဲ့ပါတယ်။
ကြော်ငြာကဏ္ဍမှာလည်း တိုးတက်လာ
ထို့အတူ ဒီအညွှန်းကိန်းဟာ လွန်ခဲ့တဲ့နှစ် ကိုဗစ်- ၁၉ ရဲ့ထိုးနှက်ချက်ကြောင့် အထိနာခဲ့တဲ့ ကြော်ငြာကဏ္ဍမှာလည်း တိုးတက်လာခဲ့ပါတယ်။
ကြော်ငြာဝင်ငွေမြင့်လာတာနဲ့အတူ သတင်းအချက် အလက်နဲ့ ဆက်သွယ်ရေးစီးပွားရေးလုပ်ငန်းတွေရဲ့အညွှန်းကိန်းလည်း မြင့်တက်လာခဲ့ပါတယ်။
စားသုံးသူတွေမြင့်တက်လာဖို့မျှော်လင့်
ဘဏ္ဍာရေးဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးအစီအစဉ်တွေ တိုးတက်လာတဲ့ အတွက် စားသုံးသူတွေလည်း မြင့်တက်လာဖို့ မျှော်လင့်ထားသလို အရောင်းတွေလည်း မြင့်တက် လာမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
စီးပွားရေးအခြေအနေကတော့ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားနေတဲ့အတွက် ဆိုးရွားမှုတွေရှိသေး တယ်လို့ သက်ဆိုင်ရာအရာရှိတွေက သတင်း ထောက်တွေကို ပြောကြားခဲ့သော်လည်း စီးပွားရေး လွှမ်းခြုံသုံးသပ်ချက်ရလဒ်ကတော့ ပြန်လည် နာလန်ထူလာတဲ့အနေအထားရှိပါတယ်။
နိုင်ငံ့လူဦးရေ ၅၀ ရာခိုင်နှုန်းကျော်
ကာကွယ်ဆေးထိုးပြီး
ဂျပန်နိုင်ငံဟာ သူ့လူတွေကို ကာကွယ်ဆေး ဦးစားပေးထိုးနှံနေရတဲ့အတွက် ပထမပိုင်းမှာ အဓိကစီးပွားရေးလုပ်ငန်းတွေမှာ နောက်ကျန်နေခဲ့ ပါတယ်။ သို့သော်လည်း ကိုဗစ်- ၁၉ ဗိုင်းရပ်စ် တုံ့ပြန်ရေးတာဝန်ခံဝန်ကြီး ယာဆူတိုရှီနီရှီမူရာက တနင်္ဂနွေနေ့က နိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်း ကျော် ကာကွယ်ဆေးအပြည့်အဝ ထိုးပြီးပြီဖြစ်တယ် လို့ ပြောပါတယ်။
ဒီနှုန်းနဲ့ဆိုရင် မကြာမီမှာ ဗြိတိန်နဲ့ ပြင်သစ်ကဲ့ သို့သော အဓိကဥရောပစီးပွားရေးနိုင်ငံတွေကို အမီလိုက်နိုင်တော့မှာဖြစ်တယ်လို့ နီရှီမူရာက ပြောပါတယ်။
စီးပွားရေး မကြာမီ ဦးမော့လာမယ်
ဒီစစ်တမ်းဟာ ယန်း ၁၀ သန်း ဒါမှမဟုတ် အဲဒီထက်ပိုတဲ့ အရင်းအနှီးစိုက်ထုတ်ထားတဲ့ ကုမ္ပဏီ ၁၄၅၈၀ ကို လွှမ်းခြုံထားတာဖြစ်ပါတယ်။ အဲဒီထဲက ကုမ္ပဏီပေါင်း ၁၁၁၄၃ ခု၊ ရာခိုင်နှုန်းနဲ့ ပြောရမယ်ဆိုရင် ၇၆ ဒသမ ၄ ရာခိုင်နှုန်းဟာ သြဂုတ် ၁၅ ရက်က တုံ့ပြန်ဖော်ပြထားတဲ့ အချက် အလက်တွေ ဖြစ်ပါတယ်။
နိုင်ငံအတွင်းမှာလည်း ကူးစက်မြန်ပြင်းထန် ဒယ်လ်တာ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ကြောင့် နေ့စဉ်ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှုတွေ တိုးလာ ခဲ့ပါတယ်။
ဒီစီးပွားရေး လွှမ်းခြုံသုံးသပ်ချက် အညွှန်းကိန်း မှာ အရင်းအနှီး ယန်း သန်း ၁၀၀ နဲ့ တစ်ဘီလီယံကြား ရှိတဲ့ ကုမ္ပဏီတွေလည်း ဧပြီလမှ ဇွန်လအထိ အနုတ် ၉ . ၀ ကနေ ၀ . ၂ အထိ မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။
ထို့အတူ ယန်း ၁၀ သန်းနဲ့ ယန်း ၁၀၀ ကြား ရင်းနှီးမြှုပ်နှံထားတဲ့လုပ်ငန်းသေးတွေလည်း အနုတ် ၁၈ . ၀ ကနေ ၂၅ . ၅ အထိ တိုးတက်လာခဲ့ပါ တယ်။ ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းများမှသည် သေးငယ်တဲ့လုပ်ငန်းအထိ ပါဝင်ဖြေဆိုထားတဲ့ အတွက် ဒီစစ်တမ်းရဲ့ ဖော်ပြချက်အရဆိုရင်တော့ ဂျပန်နိုင်ငံရဲ့ စီးပွားရေးဟာ မကြာမီမှာ ဦးမော့လာဦး မှာဖြစ်ပါတယ်။
ရှေ့ကိုလှမ်းမျှော်ကြည့်မယ်ဆိုရင် အဓိက ကုမ္ပဏီတွေရဲ့ စီးပွားရေးရလဒ် လွှမ်းခြုံသုံးသပ်ချက် ဟာ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ သုံးလ ပတ်တာကာလအတွင်းမှာလည်း ၆ . ၈ အထိ ဆက်လက်တိုးလာနိုင်ပါတယ်။
ကိုးကား - အင်န်အိတ်ချ်ကေ၊ ဂျပန်တိုင်းမ်