ညောင်လေးပင်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး

 

ညောင်လေးပင်   စက်တင်ဘာ   ၁၅


ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်အတွင်းရှိ    အသက်   ၅၅  နှစ်မှအသက်   ၆၄    နှစ် အတွင်းရှိ ပြည်သူများ၊ မသန်စွမ်း​ပြည်သူများ၊ ရောဂါအခံရှိ  ကိုဗစ် ကာကွယ်ဆေး ထိုးသင့်သူ ပြည်သူများအား     ကိုဗစ်-၁၉     ရောဂါ ကာကွယ်ဆေး    ပထမအကြိမ် ထိုးနှံပေးခြင်းကို    ယနေ့     ညနေ   ၃   နာရီတွင်   ညောင်လေးပင်မြို့  မြို့မ (၁) ရပ်ကွက်ရှိ  အထက(ခွဲ) ၌ စတင်ထိုးနှံပေးသည်။


ပထမအကြိမ်  စတင်ထိုးနှံပေးရာသို့    မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြို့နိုင်နှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းယုန်း၊ မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်     ကုသရေးဦးစီးဌာနမှူး ဒေါက်တာ  စောကလျာတို့က     ကြီးကြ​​ပ်​ကြပြီး ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးသည်။


ပထမအကြိမ်   ကာကွယ်ဆေး  ထိုးနှံပေးခြင်းကို ကိုဗစ်-၁၉  ကာကွယ်ဆေး  စတင်ရရှိသည့် ယနေ့ မှစ၍  ညောင်လေးပင်မြို့၌ ​ ပြည်သူ ၆၅  ဦးအား    စတင်ထိုးနှံ​ပေးသည်။       ဆက်လက်၍  စက်တင်ဘာ  ၁၆   ရက်တွင်   ညောင်လေးပင်မြို့၊   ပြွန်တန်ဆာ၊ မဒေါက်၊  ပိန်းဇလုပ်မြို့များ၌လည်း  တစ်ပြိုင်တည်း   ထိုးနှံပေးသွားမည်ဖြစ်ပြီး     ယခု ပထမအကြိမ်တွင် ညောင်လေးပင်မြို့နယ်အတွင်း ကနဦး စာရင်းအရ အသက်  ၅၅  နှစ်မှ ၆၄  နှစ် အတွင်းရှိ ပြည်သူ ၃၃၇၀၊ မသန်စွမ်းပြည်သူ   ၁၃၁၇    ဦး၊     ရောဂါအခံရှိ၍ ကိုဗစ်ကာကွယ်ဆေး   ထိုးသင့်သူ  ၁၇၈  ဦးတို့အား ထိုးနှံပေးမည်ဖြစ်သည်။ ကျန်ရှိ​နေသူများကိုလည်း    သတ်မှတ်ရက်    ပြီးသွားပါက ကျေးရွာများအထိ ကွင်းဆင်းကာ သတ်မှတ်အုပ်စုဝင် ပြည်သူများအား      ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။


နေလင်း(ညောင်လေးပင်)