မြို့နယ်သုံးခုမှ တောင်သူများအတွက် စိုက်ပျိုးရေးသွင်းအားစုများ ပေးအပ်

 

မုံရွာ   စက်တင်ဘာ   ၁၅


စစ်ကိုင်းတိုင်းဒေသကြီး    ယင်းမာပင်ခရိုင်အတွင်း မြို့နယ်သုံးခုမှ ဒေသခံတောင်သူများအတွက် စိုက်ပျိုး ရေးသွင်းအားစုများကို   တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး  လုံခြုံရေးနှင့်  နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စက်တင်ဘာ ၁၂ ရက်တွင် သွား ရောက်ပေးအပ်သည်။


ဆားလင်းကြီးမြို့နယ်မှ        တောင်သူများထံ စိုက်ပျိုးရေးသွင်းအားစုများ ပေးအပ်ပွဲတွင် တိုင်း ဒေသကြီး   ဝန်ကြီးချုပ်က   မိုးစပါးတစ်ဧက တင်း ၁၀၀ အထိ  ထွက်ရှိရေး၊  ချည်မျှင်ရှည်ဝါများ တိုးချဲ့ စိုက်ပျိုးကာ ယခင်အထွက်နှုန်းထက် နှစ်ဆတိုးရေး၊ တောင်သူများဘဝ တိုးတက်မြင့်မားလာစေရေးနှင့် ဝင်ငွေများတိုးတက်စေရန်ရည်ရွယ်၍ စိုက်ပျိုးရေး သွင်းအားစုများ   ပေးအပ်ရခြင်းဖြစ်ကြောင်း  ပြော ကြားပြီးနောက် ဒေသခံတောင်သူများထံ  စိုက်ပျိုးရေး သွင်းအားစုများ ပေးအပ်သည်။


ထို့နောက်      တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုလဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးရှိ   ပုလဲရတနာ ခန်းမတွင်   ကျင်းပသော  ဒေသခံတောင်သူများထံ စိုက်ပျိုးရေးသွင်းအားစုများ ပေးအပ်ပွဲသို့ ဆက်လက် တက်ရောက်၍  အမှာစကားပြောကြားပြီး တိုင်းဒေသ ကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက သီးနှံအထွက်တိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍   အကြံပြုဆွေးနွေးကာ  တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဝင်းလှိုင်ဦးက စိုက်ပျိုးရေး သွင်းအားစုများပေးအပ်ခြင်းနှင့်          ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက်      တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသခံတောင်သူ များထံ စိုက်ပျိုးရေးသွင်းအားစုများ ပေးအပ်သည်။ 


ယင်းနောက်  တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဒေသခံတောင်သူများနှင့်အတူ  ပုလဲမြို့နယ် စီမံအုပ် ချုပ်ရေးအဖွဲ့ရုံးဝင်းအတွင်း မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ    ဝန်ထမ်းများက သဘာဝမြေဩဇာ သဘာဝ ပိုးနှင်ဆေးပြုလုပ်နည်း သရုပ်ပြသနေမှုကို  ကြည့်ရှု အားပေးပြီး   ယင်းမာပင်မြို့နယ်  ငါးမောင်းကျေးရွာ  တောင်သူဦးအောင်ဆွေ စိုက်ပျိုးထားသော ဧရာမင်း စပါး  ၁၀ ဧကတွင် တစ်ဧက တင်း ၁၀၀ ထွက်ရှိရေး စံပြကွက်အတွင်း မြေဩဇာကြဲပက်နေမှုနှင့် သမန်း နှိုးနေမှုကို ကြည့်ရှုအားပေးကြသည်။


ဆက်လက်၍   တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ယင်းမာပင်မြို့ရှိ         ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ကျင်းပသော  ယင်းမာပင်မြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများထံ          စိုက်ပျိုးရေးသွင်းအားစုများ ပေးအပ်ပွဲသို့ တက်ရောက် အမှာစကားပြောကြားပြီး ဒေသခံတောင်သူများထံ    စိုက်ပျိုးရေးသွင်းအားစုများ ပေးအပ်သည်။ ထို့နောက် ယင်းမာပင်ခရိုင်အတွင်း ပြောင်းလဲသုံးစွဲမည့်         မျိုးကောင်းမျိုးသန့်များနှင့် စိုက်ပျိုးရေးသွင်းအားစုများကို     တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကြည့်ရှုစစ်ဆေးသည်။ 


အဆိုပါ ဆားလင်းကြီးမြို့နယ်၊  ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ်များရှိ     ဒေသခံတောင်သူများထံ စိုက်ပျိုးရေးသွင်းအားစုများ             ဖြန့်ဝေပေးရာတွင် ဇာမဏီကွန်ပေါင်းဓာတ်မြေဩဇာ  အိတ်၁၅၀၊     ရွက် ဖျန်းအားဆေး  အိတ် ၃၀၀၊ ကောမတ်ဂျစ်ပ်ဆမ် မြေဩဇာ   အိတ် ၁၅၀ ၊ EM  တစ်လီတာဘူး ၃၀၀၊ ရွှေတောင်    (၈) မျိုးသန့်ချည်မျှင်ရှည်ဝါမျိုးစေ့  သုံးပိဿာဝင်အိတ်  ၂၁၀၊  ဆေးဖျန်းပုံး  ကိုးပုံးတို့ကို ပေးအပ်ကြောင်း  သိရသည်။ 


တိုင်းဒေသကြီး
 (ပြန်/ဆက်)