ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများအား လွယ်ကူချောမွေ့စွာ တင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်   စက်တင်ဘာ   ၁၂
စီးပွားရေးနှင့်     ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန     အနေဖြင့် ကိုဗစ်-၁၉    ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊     ကုသရေးဆိုင်ရာ ပစ္စည်းများကို   လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ် ရေးစခန်းများမှ     အဆင်ပြေ ချောမွေ့စွာ      တင်သွင်းနိုင်ရေး အတွက်   အချိန်နှင့်  တစ်ပြေးညီ စီစဉ်   ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်       ချင်းရွှေဟော်နှင့် မြဝတီ ကုန်သွယ်ရေးစခန်း နှစ်ခု တို့မှ   တင်သွင်းရာ၌    ကုမ္ပဏီ ခြောက်ခုမှ ယာဉ်စီးရေ ၁၇  စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ် သုံးစီးဖြင့် တန် ၆၀၊ အောက် ဆီဂျင်(အိုးခွံ) ၁၂၇ ခု၊ Oxygen Plant လေးခု၊ PPE အစုံ ၁၆၀၀ နှင့် နှာခေါင်းစည်း (Mask) ၅၇ တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ် သုံးစီး မှာ    ရန်ကုန်မြို့သို့     နှစ်စီးနှင့် မော်လမြိုင်မြို့သို့ တစ်စီးဖြစ်ပြီး Oxygen Plant လေးခုမှာ မန္တလေး မြို့၊    ချောက်မြို့၊   မိုးညှင်းမြို့၊ ကန်ကြီးထောင့်မြို့တို့သို့ တစ်ခုစီ ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်၊      ကုသရေးဆိုင်ရာ ပစ္စည်းများကို ပြည်ပမှတင်သွင်း  ရာတွင်      နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့်  သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်း  ခွင့်ပြုပေးလျက် ရှိပါကြောင်းနှင့် ဆေးဝါးနှင့်   ဆက်စပ်ပစ္စည်းများ  တင်သွင်းခြင်းနှင့်သက်ဆိုင်သည့် အသိပေး  ကြေညာချက်များကို လည်း  အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm     တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး       စီစဉ် ဆောင်ရွက် ပေးထားပါကြောင်း သိရှိရသည်။            
 သတင်းစဉ်