
နေပြည်တော် စက်တင်ဘာ ၁၂
နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် တာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက်ပိုင်း တွင် နေပြည်တော် သပြေကုန်း ဈေးရှိ ကုန်စိမ်း၊ ကုန်ခြောက်၊ သား ငါး ဆိုင်ခန်းများတွင် ရောင်းချ လျက်ရှိသည့် ဈေးရောင်းချသူများ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွား မှု မရှိစေရေး သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ စနစ်တကျ ခင်းကျင်းရောင်းချနေမှု အခြေ အနေများနှင့် ဈေးဝယ်လာရောက် သူများ နှာခေါင်းစည်းတပ်ဆင်၍ သတ်မှတ် ဝင်ပေါက်နေရာများမှ စနစ်တကျဝင်ရောက် ဈေးဝယ်ယူ ခြင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ဈေးရောင်းချသူများနှင့် ဈေးဝယ် သူများကို နှာခေါင်းစည်း (Mask) များ လိုက်လံပေးဝေသည်။
ဆက်လက်၍ သပြေကုန်းဈေး RC ဈေးရုံဝင်းအတွင်း ဆောင်ရွက် လျက်ရှိသော နိမ့်ကျပျက်စီးနေ သည့် ကွန်ကရစ်ကြမ်းခင်းများ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်း၊ သပြေကုန်းဈေး ပတ်လည်နှင့် ပျံကျဈေးပတ်လည် ပျက်စီး နေသည့် ရေနုတ်မြောင်းအဖုံးများ လဲလှယ်တပ်ဆင်ခြင်း လုပ်ငန်း တို့ကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်