
ရန်ကုန် စက်တင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများ နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မြို့တော်သန့်ရှင်းသာယာ သပ်ရပ် ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု များအား ကြည့်ရှုစစ်ဆေးပြီး ရန်ကုန်မြို့တော်ဘဏ်လီမိတက် ဘဏ်လုပ်ငန်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်သည်။
ရှေးဦးစွာ မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၇ နာရီတွင် မင်္ဂလာတောင်ညွန့်မြို့နယ် စက်ရုံ လမ်းရှိ မအူကုန်းစည်ပင်ဝန်ထမ်း အိမ်ရာဝင်း၌ ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုစွန်အမျိုးမျိုး တို့ ရောင်းချနေမှုအား သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် ဗညားဒလလမ်းနှင့် စက်ရုံလမ်း လမ်းဆုံမှ ၁၅ ပေ ခုံးတံတားအောက်ထိ စက်ရုံလမ်း တစ်လျှောက် အရှည်ပေ ၁၅၀၀ ရေမြောင်းများအတွင်း အမှိုက်များ နှင့် မြောင်းချေးများ ဆယ်ယူ ရှင်းလင်းနေမှု၊ စင်္ကြံများရေဆေး နေမှုနှင့် လမ်းတစ်လျှောက် သန့်ရှင်းသပ်ရပ်ရေး ဆောင်ရွက် နေမှုအားလည်းကောင်း၊ ဒဂုံ မြို့နယ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၏ ပြည်လမ်း မျက်နှာစာချုံနွယ်နှင့် မြက်များ ရှင်းလင်းနေမှု၊ မြေယာရှုခင်း ပြုပြင်နေမှုတို့အား လည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေး သည်။
ယင်းနောက် မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် ၈ နာရီခွဲတွင် မြို့တော်ခန်းမ ပထမထပ်အစည်း အဝေးခန်းမ(၄)၌ ပြုလုပ်သည့် ရန်ကုန်မြို့တော်ဘဏ်လီမိတက် ဘဏ်လုပ်ငန်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယနေ့ အစီအစဉ် သို့ တက်ရောက်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်