
မိုင်းဆတ် စက်တင်ဘာ ၁၁
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည် နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် သဗ္ဗညု ဘုန်းတော်ကြီးကျောင်းရှိ ရဟန်း၊ သာမဏေ၊ သီလရှင်များ အတွက် ဆွမ်းဆန်တော် ၂၁ အိတ်၊ ဆီ ၆၆ ပိဿာခွဲ၊ ကုလားပဲ ၁၃၃ ပိဿာတို့ကို လှူဒါန်းရာ ကာကွယ် ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး လင်းအောင်မိုး၊ မိုင်းဆတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာဝန် ရှိသူများ တက်ရောက်လှူဒါန်းကြ သည်။
ထို့နောက် မိုင်းဆတ်မြို့နယ် အတွင်း ကိုဗစ်စင်တာများတွင် တက်ရောက်ဆေးကုသမှု ခံယူနေ သော လူနာများအတွက် ဆေးဝါး နှင့် အင်အားဖြည့်အစားအစာများ ကို ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။ သတင်းစဉ်