စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်၌ PDF အကြမ်းဖက်အဖွဲ့က မြစ်သာမြစ်ကူး ကြိုးတံတားကို မိုင်းခွဲဖျက်ဆီး

 

 

နေပြည်တော်  စက်တင်ဘာ  ၁၁


စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်၌  PDF အကြမ်းဖက်အဖွဲ့မှ ဒေသတွင်း လမ်းပန်းဆက်သွယ်မှု ခက်ခဲကာ ကုန်စည်စီးဆင်းမှုများ ရပ်တန့်၍  လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအား ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်ကာ ကျေးရွာအုပ်စုချင်းဆက်သွယ်ထားသည့် မြစ်သာမြစ်ကူး ကြိုးတံတားကို မိုင်းခွဲဖျက်ဆီးခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ  စက်တင်ဘာ ၁၀ ရက်  နံနက် ၆ နာရီ တွင်      စစ်ကိုင်းတိုင်းဒေသကြီး    ကလေးမြို့နယ် ကျောက်ပြုတ်ကျေးရွာအုပ်စုနှင့် မကွေးတိုင်းဒေသ ကြီး ဂန့်ဂေါမြို့နယ် ဟံသာဝတီကျေးရွာအုပ်စုတို့အား ဆက်သွယ်ထားသည့်    ခံနိုင်ဝန် သုံးတန်၊    အလျား ပေ  ၆၀၀၊    အကျယ် ရှစ်ပေရှိ    မြစ်သာမြစ်ကူး သံမဏိကြိုးတံတားကို     PDF   အကြမ်းဖက်အဖွဲ့က မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သည်။ 
ထိုသို့ဖောက်ခွဲဖျက်ဆီးမှုကြောင့်       တံတား ကြမ်းခင်းတွင် ငါးပေအကျယ်ခန့် ထိခိုက်ပျက်စီးခဲ့ပြီး ယာဉ်များ     ဖြတ်သန်းသွားလာ၍   မရကြောင်းနှင့် အဆိုပါကြိုးတံတားကို   ၂၀၁၆-၂၀၁၇  ခုနှစ်တွင်     နိုင်ငံတော်ဘဏ္ဍာငွေကျပ်သိန်းပေါင်း     ၁၂၀၀၀ ကုန်ကျခံကာ    ဒေသတွင်း    လမ်းပန်းဆက်သွယ်မှု ကောင်းမွန်၍    ကုန်စည်စီးဆင်းမှုများ     လျင်မြန် ကာ     လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ ဆောက်လုပ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ PDF အကြမ်းဖက်အဖွဲ့များ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သည့် ကြိုးတံတားကို အမြန်ဆုံး ပြုပြင်၍ လမ်းပန်းဆက်သွယ်မှု ပြန်လည်ကောင်းမွန် စေရေး    လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်    ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က အချိန် နှင့်တစ်ပြေးညီ ပြန်လည်ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။                သတင်းစဉ်