မုံရွာပြည်သူ့ဆေးရုံကြီး၌ တိုးချဲ့(၅)ထပ်ဆောင်သစ် ဆောက်လုပ် ၂၀၂၂ မတ်လတွင် တည်ဆောက်ရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးမည်

မုံရွာ စက်တင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးမြတ်ကျော်သည်    တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး   အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၉ ရက်က  ပြုလုပ်သော  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂၈/၂၀၂၁)သို့ တက်ရောက်ပြီး မုံရွာမြို့ ပြည်သူ့ဆေးရုံကြီး၌   တိုးချဲ့  (၅)ထပ် ဆောင် ဆောက်လုပ်နေမှု အခြေအနေများ ကို      သွားရောက်ကြည့်ရှုစစ်ဆေး သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်း ချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေး(၂၈/၂၀၂၁)တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌  ကိုဗစ်-၁၉ ရောဂါကူးစက် မှု လျော့နည်းအောင် ပညာပေးခြင်းနှင့် စစ်ဆေးကြပ်မတ်ခြင်းများ ဆောင်ရွက် ကာ ရောဂါပိုးတွေ့လူနာများကို ထားရှိ မည့်    စင်တာများနှင့်   ဆေးရုံများတွင် ကုသနေသည့်    လူနာများအတွက်  ဆေးဝါး၊  အောက်ဆီဂျင်  လိုအပ်မှုမရှိ စေရန်နှင့် သေဆုံးမှုမရှိစေရန် ကြိုးပမ်း ဆောင်ရွက်နေကြောင်း     အမှာစကား ပြောကြားပြီး     အနောက်မြောက်တိုင်း စစ်ဌာနချုပ်    တိုင်းမှူး   ဗိုလ်မှူးချုပ် ဖြိုးသန့်က ကာကွယ်ဆေးထိုးနှံပေးရေး လုပ်ငန်းများတွင် ပေါင်းစပ်ဆောင်ရွက် သွားမည့် အခြေအနေများကို ရှင်းလင်း ပြောကြားသည်။ 
အစည်းအဝေးအပြီးတွင်    တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် မုံရွာမြို့ ပြည်သူ့ဆေးရုံကြီး၌ တိုးချဲ့(၅)ထပ် လူနာကုသဆောင် တည် ဆောက်ရေးလုပ်ငန်းခွင်ကို သွားရောက် ကြည့်ရှုရာ ရှင်းလင်းဆောင်၌ အဆောက် အအုံအထူးအဖွဲ့(၁၀)မှ  လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ)   ဦးဂိုခန့်မာန် က   တိုးချဲ့  (၅)ထပ်လူနာကုသဆောင် ဆောက်လုပ်နေမှု  အခြေအနေများကို ရှင်းလင်းတင်ပြပြီး     တိုင်းဒေသကြီး ဝန်ကြီးချုပ်က  ဆောက်လုပ်ရေးလုပ်ငန်း များကို  စံချိန်စံညွှန်းမီ  အရည်အသွေး ပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း    ပြီးစီးအောင်  ဆောင်ရွက်ရေးနှင့် လုပ်ငန်းခွင်အန္တရာယ်   ကင်းရှင်းရေး အတွက် အလေးထား ဆောင်ရွက်သွား ကြရန်   မှာကြားသည်။   ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များက တိုးချဲ့ (၅)ထပ် လူနာကုသဆောင် တည်ဆောက်နေသည့်     လုပ်ငန်းခွင် အတွင်း   လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ သည်။  
မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးရှိ တိုးချဲ့ (၅)ထပ် လူနာကုသဆောင် အဆောက် အအုံသစ်သည် အလျား ပေ ၁၈၀၊  အနံ ပေ ၁၆၀၊ အမြင့် ၇၉ ပေရှိ သံကူကွန် ကရစ်အဆောက်အအုံ အမျိုးအစားဖြစ် ပြီး အဆောက်အအုံအထူးအဖွဲ့(၁၀)က တာဝန်ယူ၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ စတင်တည်ဆောက်နေခြင်းဖြစ်သည်။ ဆောက်လုပ်ရေးစီမံကိန်း   တန်ဖိုး   စုစု ပေါင်း  ငွေကျပ်  ၉၁၈၀  ဒသမ  ၄၃၉ သန်းဖြစ်ပြီး ၂၀၂၂ ခုနှစ် မတ်လတွင် တည်ဆောက်ရေးလုပ်ငန်းများအားလုံး ရာနှုန်းပြည့် ပြီးစီးမည်ဖြစ်ကြောင်း သိရ သည်။        တိုင်းဒေသကြီး(ပြန်/ဆက်)