
ထရီပိုလီ စက်တင်ဘာ ၁၀
ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး ဟိုက်ကိုမက်စ်သည် လစ်ဗျား နိုင်ငံ ထရီပိုလီမြို့၌ ဂျာမနီ သံရုံးကို ပြန်လည်ဖွင့်လှစ်ကြောင်း စက်တင်ဘာ ၉ ရက်က ကြေညာ ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားသို့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဟိုက် ကိုမက်စ်၊ ဂျာမနီသံအမတ်ကြီး မိုကယ်အော်နမက်ချ်နှင့် လစ်ဗျား အရာရှိများ တက်ရောက်ခဲ့ကြ သည်။
နှစ်နိုင်ငံကြား ဆက်ဆံရေး ခိုင်မာစေရန်နှင့် လစ်ဗျားနိုင်ငံတွင် ပိုမိုကောင်းမွန်သည့် အနာဂတ် တည်ဆောက်ရာတွင် အကူအညီ ပေးရန် ကြိုးပမ်းအားထုတ်မှု တစ်ရပ်ဟု ပြောသည်။
ဂျာမနီနိုင်ငံသည် လစ်ဗျား နိုင်ငံ ငြိမ်းချမ်းရေးအတွက် ဆက် လက် ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်သည်ဟု ထရီပိုလီမြို့ရှိ ဂျာမနီသံရုံးက ပြောသည်။
ထရီပိုလီမြို့ရှိ ဂျာမနီသံရုံး သည် ၂၀၁၄ ခုနှစ်အတွင်းက ပဋိ ပက္ခများကြောင့် လုံခြုံရေး စိတ် မချရသည့်အတွက် လစ်ဗျားနိုင်ငံ အတွင်းမှ ထွက်ခွာခဲ့သည်။
ဆင်ဟွာ