
နေပြည်တော် စက်တင်ဘာ ၁၀
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဌေးအောင်သည် အာဆီယံ - ကိုရီးယားဗဟိုဌာနနှင့် ကိုရီးယားနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့အစည်းက “Rebooting Digital Marketing for Tourism” ခေါင်းစဉ်ဖြင့် ယနေ့နံနက် ပိုင်းတွင် Online Live Streaming စနစ်ဖြင့် ကျင်းပသည့် အာဆီယံ - ကိုရီးယား ခရီးသွားလုပ်ငန်း ဆွေးနွေးပွဲ (Seminar on ASEAN-Korea Tourism 2021)ကို ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်နေမှုကို ကြည့်ရှုအားပေးသည်။
ဆွေးနွေးပွဲကို အာဆီယံနှင့် ကိုရီးယားနိုင်ငံများ အကြား ခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒများနှင့် နယ်ပယ်လမ်းကြောင်းများကို ဒစ်ဂျစ်တယ်နည်းပညာ များနှင့်ဆက်စပ်ပြီး နောက်ဆုံးရ သတင်းအချက် အလက်များ မျှဝေခြင်း၊ ဒစ်ဂျစ်တယ်ဈေးကွက် ရှာဖွေရေး မဟာဗျူဟာများအပေါ်အခြေခံပြီး သတင်း အချက်အလက်များ ပံ့ပိုးပေးခြင်း၊ အာဆီယံ- ကိုရီးယား ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေ ရေးဆိုင်ရာ နည်းလမ်းများရှာဖွေခြင်းနှင့် ပုဂ္ဂလိက ခရီးသွားလုပ်ငန်းတွင် ပါဝင်သူများအတွက် ကွန်ရက် တစ်ခုဖန်တီးခြင်း၊ စီးပွားရေးအခွင့်အလမ်းအသစ်များ ရှာဖွေခြင်း စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ပြီး အာဆီယံနှင့် ကိုရီးယားနိုင်ငံများမှ အစိုးရနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်းကဏ္ဍမှ ကျွမ်းကျင်ပညာ ရှင်များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ နိုင်ငံတကာအဖွဲ့ အစည်းများ၊ အာဆီယံခရီးသွားလုပ်ငန်းအာဏာပိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အသင်းအဖွဲ့ များ၊ ကုမ္ပဏီများနှင့် ကမ္ဘာတစ်လွှားရှိ ခရီးသွား လုပ်ငန်း စိတ်ပါဝင်စားသူများ စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်