
နေပြည်တော် စက်တင်ဘာ ၁၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ကျေးလက်နေတောင်သူများ၏ လူမှုစီးပွား ဘဝမြင့်မားလာစေရန် ဒေသထွက်ကုန်မျှစ်ခြောက်ထုတ်လုပ်မှု၊ ဝါးကုန်ကြမ်းကို တန်ဖိုးမြှင့်ထုတ်ကုန် လက်မှုထည်အဖြစ် အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေမှုနှင့် ဝိုင်ချက်စက်ရုံတို့ကို ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးသည် နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျေးရွာအုပ်စု သရက်ပင် ကျေးရွာသို့ ရောက်ရှိပြီး မြစိမ်း ရောင်ကျေးရွာ စီမံကိန်းလည်ပတ် ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် တံမြက်စည်းလုပ်ငန်း (ယာပုံ)၊ ဝဲကြီးကျေးရွာ ကျေးရွာဖွံ့ဖြိုးရေး တိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်းလမ်း အုတ်ရေ နုတ်မြောင်း တူးဖော်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စု ဝန်ကြီးက ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးကို အလေးထား ဆောင်ရွက် နေကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရန်မှာ အဓိကစီးပွားရေး ကောင်း မွန်ရမည်ဖြစ်ကြောင်း။
ဝိုင်းဝန်းထိန်းသိမ်း
ကျေးလက်နေ ပြည်သူအများ စုသည် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင်ကြပါ ကြောင်း၊ ထိုလုပ်ငန်းများအတွက် လိုအပ်သည့် အရင်းအနှီးချေးငွေ ကို အတိုးနှုန်းသက်သာစွာဖြင့် ချေးပေးနိုင်ရေး၊ သွင်းအားစုများ အရည်အသွေးမီ၊ စံချိန်စံညွှန်း မီ ဈေးနှုန်းမှန်ရရှိရေး ညှိနှိုင်းဆောင် ရွက်ပေးမည်ဖြစ်ကြောင်း၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း (VDP) ဖြင့် ဆောင်ရွက် သော ဖွံ့ဖြိုးရေး လုပ်ငန်းများ ရေရှည်တည်တံ့အောင် ကျေးရွာ ကော်မတီမှ ဝိုင်းဝန်းထိန်းသိမ်း ရန်ပြောကြားပြီး လုပ်ငန်းဆောင် ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် တပ်ကုန်းမြို့နယ် Na Rain Dara Company Limi-ted မျှစ်ခြောက် ထုတ်စက်ရုံသို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက် နေမှု အခြေအနေများ၊ ဝါးလုပ်ငန်း အတွက် မျိုး၊ မြေ၊ အရင်းအနှီး၊ စိုက်မြေ ဧရိယာလိုအပ်ချက်များ ကို တာဝန်ရှိသူများက တင်ပြ ကြရာ ပြည်ထောင်စုဝန်ကြီးက ဒေသထွက်ကုန်ဝါးကို တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် နိုင်ငံခြားတင်ပို့ ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိနိုင်ပြီး ဒေသခံများလည်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိမည်ဖြစ် ကြောင်းနှင့် ဝါးစိုက်ခင်းများ ဖြစ်ထွန်းရန် လိုအပ်သောကိစ္စ များကို ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားသည်။
လူမှုစီးပွားဘဝဖွံ့ဖြိုးရေး
ထို့နောက် တပ်ကုန်းမြို့နယ် နွားထိုးကြီး စပျစ်ဝိုင်စက်ရုံသို့ ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီး က စပျစ်စိုက်တောင်သူများ၏ အကျိုးစီးပွား ဖြစ်ထွန်းစေရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာအောင် ပူးပေါင်းကူညီဆောင် ရွက်ပေးရန်ပြောကြားပြီး စက်ရုံ အတွင်း စပျစ်ဝိုင် ထုတ်လုပ်ပုံ အဆင့်ဆင့်နှင့် တပ်ကုန်းမြို့နယ် မြန်မာနိုင်ငံ ဝါးလုပ်ငန်းအသင်းမှ ဝါးလက်မှုပညာဖြင့် ဆောင်ရွက် ထားသည့် ဝါးလက်မှုပစ္စည်းများ၊ ဝါးဖြင့် ဆောက်လုပ်ထားသည့် အဆောက်အဦများကို ကြည့်ရှု လေ့လာခဲ့သည်။
သတင်းစဉ်