ကျောင်းကုန်းမြို့ ဒါးကမြစ် သဘာဝရေပြင်အတွင်းသို့ ငါးမျိုးများစိုက်ထည့်

 

 

ကျောင်းကုန်း   စက်တင်ဘာ   ၆


ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန နှင့်     ပုသိမ်ခရိုင်   ငါးလုပ်ငန်းဦးစီးဌာနတို့၏ စီစဉ်ကြီးကြပ်မှုဖြင့်   ကျောင်းကုန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနသည်    ငါးလုပ်ငန်းများ ရေရှည် တည်တံ့ခိုင်မြဲရေး၊ ငါးသယံဇာတများ တိုးပွားရေး၊   ငါးစားသုံးမှု       ဖူလုံစေရေးနှင့် ကျေးလက်ဒေသပြည်သူများ လူမှုစီးပွားဘဝ  အထောက်အကူပြုစေရန်        မျှော်မှန်း၍ ကျောင်းကုန်းမြို့ အမှတ် ၂ ရပ်ကွက် ကမ်းနား လမ်း   အောင်ဆန်းတံတားအနီး    ဒါးကမြစ် သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို  ဩဂုတ် ၂၈ ရက်က ကျင်းပ ခဲ့သည်။ 
အဆိုပါ    အခမ်းအနားသို့   ပုသိမ်ခရိုင် ငါးမျိုးစိုက်ထည့်ခြင်း     ကြီးကြပ်ကွပ်ကဲရေး ကော်မတီဥက္ကဋ္ဌ   ဦးမောင်မောင်၊    အတွင်း ရေးမှူး   ပုသိမ်ခရိုင်  ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအေးနိုင်နှင့် အဖွဲ့ဝင်များ တက်ရောက်ပြီး ပသွယ်ငါးလုပ်ငန်းစခန်းမှ နှစ်လက်မအရွယ် ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ နှစ်သိန်း၊ ငါးခုံးမကြီးငါးသားပေါက်ကောင်ရေ တစ်သိန်း ခွဲ၊   ရွှေဝါငါးကြင်း   ငါးသားပေါက်ကောင်ရေ တစ်သိန်း စုစုပေါင်းကောင်ရေ  လေးသိန်းခွဲအား ဒါးကမြစ်အတွင်း  သဘာဝရေပြင်သို့ ငါးမျိုး စိုက်ထည့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်