
နေပြည်တော် စက်တင်ဘာ ၆
တပ်မတော် (ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာ ရေးကျောင်းများတွင် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်း များကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိ ရာ ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့ နယ်ရှိ ဉာဏဂုဏ်ရည်ဘုန်းတော် ကြီးကျောင်းတိုက်၊ ရန်ကုန် တိုင်းဒေသကြီး သန်လျင်မြို့နယ် အလွမ်းဆွတ်ကျေးရွာရှိ မြို့ဦး စက်ပစ်ကွင်း ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ရှိ မြရတနာသီရိကျောင်း၊ သာသနာ့ရောင်ခြည်ကျောင်း၊ လေဆိပ်တပ်ဦး စာသင်တိုက်၊ သဲအင်းဂူတရားပြကျောင်းတိုက် နှင့် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေ မြို့နယ်ရှိ ကင်းဝန်မင်းကြီး ကျောင်းတိုက် တို့ရှိ ဆရာတော်၊ သံဃာတော်များ အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နေဆွမ်း များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး အထောက်အကူပြုပစ္စည်း များ၊ နဝကမ္မအလှူငွေများ နှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူ များက သွားရောက် ဆက်ကပ် လှူဒါန်းကြသည်။
ထို့ပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ ရတနာဇေယျုံ ကျောင်းတိုက်၊ ရွှေပြည်အေးဝိပဿနာ ဓမ္မရိပ် သာနှင့် ရတနာမဉ္ဇူ ကျောင်းတိုက် များရှိ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များ အား အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်၊ နယ်မြေခံဆေးအဖွဲ့များ က မြို့နယ်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများနှင့် ပူးပေါင်း၍ ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းများ ဆောင်ရွက် ပေးသည်။
၎င်းပြင် ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ စက်တော်ရာ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများ အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုး၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် စားသောက်ဖွယ် ရာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို အနောက်တောင် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူ များက ယနေ့တွင် သွားရောက် ပေးအပ်လှူဒါန်းပြီး နယ်မြေခံ ဆေးအဖွဲ့များက ဘိုးဘွားများအား လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။ သတင်းစဉ်