ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ


 

နေပြည်တော်  စက်တင်ဘာ  ၆


ပြည်ပနိုင်ငံများမှ ဝင်ရောက်လာ သည့်    မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်       အသီးသီးတွင် လက်ခံ     ဆောင်ရွက်ပေးလျက် ရှိရာ စက်တင်ဘာ  ၅   ရက်တွင် ရှမ်းပြည်နယ်          (မြောက်ပိုင်း)  မူဆယ်မြို့          မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်၊      နန်းတော် စစ်ဆေးရေးဂိတ်မှ အမျိုးသား ၇၉ ဦး၊ အမျိုးသမီး ၄၇ ဦး စုစုပေါင်း ၁၂၆ ဦးကို လည်းကောင်း၊ ယနေ့ တွင်  ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့     မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားမှ အမျိုးသား ၁၂၅ ဦး၊  အမျိုးသမီး    ၉၆ ဦး၊ စုစုပေါင်း ၂၂၁ ဦးကို လည်းကောင်း အသီးသီး           လက်ခံခဲ့ကြောင်း သိရသည်။ 
ထိုသို့           လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများ မှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိ သူများ၊ တပ်မတော်ဆေးတပ်ဖွဲ့ ဝင်များက ကိုဗစ် - ၁၉   ရောဂါ စစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့်     အထောက် အထား      စာရွက်စာတမ်းများ ပြုလုပ်ပေးခြင်း၊    ကျန်းမာရေး ဝန်ကြီးဌာန၏    ညွှန်ကြားချက် များကို  ရှင်းလင်းပြောကြားခြင်း တို့ကို    စနစ်တကျဆောင်ရွက် ပေးပြီး  တိုင်းစစ်ဌာနချုပ်အသီးသီး မှ တာဝန်ရှိသူများ၊   ဌာနဆိုင်ရာ တာဝန်ရှိသူများက    လိုအပ်သည် များ     ကူညီဆောင်ရွက်ပေးကြ ကြောင်း သိရသည်။
၎င်းအပြင်       မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များက  စီစဉ် ဆောင်ရွက်ပေးသည့်          ခရီးသည် တင်မော်တော်ယာဉ်များဖြင့်  ၎င်း တို့   နေရပ်အသီးသီးသို့     လိုက်လံ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ရောဂါ ပိုးတွေ့ရှိသူများအား သက်ဆိုင် ရာနေရာများတွင်  သီးသန့်ထား ရှိ၍  လိုအပ်သည့် ကျန်းမာရေး ဆိုင်ရာများနှင့်             အုပ်ချုပ်မှု ဆိုင်ရာကိစ္စရပ်များကို           အဆင် ပြေချောမွေ့အောင်    ဆောင်ရွက် ပေးလျက်ရှိကြောင်း          သိရ သည်။ 
သတင်းစဉ်