ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှတင်သွင်းနိုင်ရေး ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိ


 

 

နေပြည်တော်  စက်တင်ဘာ   ၆


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊   ကုသရေးဆိုင်ရာပစ္စည်းများကို အများ      ပြည်သူရုံးပိတ်ရက်များတွင်  လေကြောင်း၊   ရေကြောင်းနှင့်  နယ်စပ် ကုန်သွယ်ရေးစခန်းများမှ  နှောင့်နှေးကြန့်ကြာမှုမရှိ  တင်သွင်းနိုင် ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၆ရက်တွင် ဆိပ်ကမ်းများနှင့်  မူဆယ်၊  ချင်းရွှေဟော်နှင့် မြဝတီကုန်သွယ်ရေးစခန်းသုံးခုတို့မှ တင်သွင်းရာ၌   ကုမ္ပဏီ ၁၄  ခုမှ ယာဉ်စီးရေ ၃၅ စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ်နှစ်စီး ဖြင့် ၃၉ တန်၊ အောက်ဆီဂျင်(ဓာတ်ငွေ့) Bowser ယာဉ်တစ်စီးဖြင့် တန် ၂၀ ၊ အောက်ဆီဂျင် (အိုးခွံ)  ၃၂၈၅ ခု၊ Oxygen Plant ငါးခု၊ အိမ်သုံး Oxygen Concentrator  ၅၃၄ ခု၊ PPE  ၈၈၀၇၀ နှင့်  နှာခေါင်းစည်း (Mask) ၇၃ တန်တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ်နှစ်စီးမှာ ရန်ကုန်မြို့နှင့် နေပြည်တော်သို့ဖြစ်ပြီး အောက်ဆီဂျင် (ဓာတ်ငွေ့) Bowser ယာဉ်တစ်စီးမှာ ပြည်မြို့သို့ဖြစ်သည်။ Oxygen Plant ငါးခုမှာ ရန်ကုန်မြို့သို့ သုံးခု၊ လားရှိုးမြို့နှင့်    မိတ္ထီလာမြို့သို့ တစ်ခုစီဖြစ်ကြောင်း  သိရသည်။
ကိုဗစ်-၁၉  ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာ  ပစ္စည်း များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP  များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာချက် များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင်    ဝင်ရောက်ကြည့်ရှုနိုင်ရေး     စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရသည်။                           သတင်းစဉ်