အာဖရိက၌  ကိုဗစ်-၁၉  အတည်ပြုလူနာပေါင်း  ၇ ဒသမ ၉၁ သန်းရှိလာ

 

 

အဒစ္စအဘာဘာ   စက်တင်ဘာ   ၆   


အာဖရိက၌  စက်တင်ဘာ ၆ ရက် မွန်းလွဲပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ပေါင်း ၇၉၁၀၀၈၆ ဦးရှိလာခဲ့ကြောင်း အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ် ရေးဌာန (အာဖရိကစီဒီစီ) က ပြောသည်။ 
စီဒီစီက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကြောင့် သေဆုံးသူပေါင်း  ၁၉၉၅၀၀   ရှိလာပြီဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ကင်းစင်သွားသူပေါင်း ၇၁၄၃၃၂၂ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။ 
တောင်အာဖရိက၊ မော်ရိုကို၊ တူနီးရှား၊ အီသီယိုပီးယားနိုင်ငံတို့သည် ကိုဗစ်-၁၉ ကူးစက်မှုအများဆုံး  နိုင်ငံများဖြစ်ကြောင်း  အာဖရိက  ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာနက ပြောသည်။ 
တောင်အာဖရိကသည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအများဆုံးဖြစ်ပြီး အာဖရိက မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့သည် ဒုတိယကူးစက်ဖြစ်ပွားမှုအများဆုံးဖြစ်သည်။ အာဖရိကအလယ်ပိုင်းသည်    ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားမှုအနည်းဆုံးဖြစ်      ကြောင်း  စီဒီစီ၏ထုတ်ပြန်ချက်အရ သိရသည်။                                   ဆင်ဟွာ