အင်ဒိုနီးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၄၄၁၃ ဦးရှိလာပြီး ၆၁၂ ဦးထပ်မံသေဆုံး 


 

ဂျကာတာ   စက်တင်ဘာ   ၆   


အင်ဒိုနီးရှားနိုင်ငံ၌     စက်တင် ဘာ  ၆  ရက်က      ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၄၄၁၃ ဦး  ရှိလာမှုနှင့်အတူ နိုင်ငံအတွင်း ကိုဗစ်-၁၉     ကူးစက်သူပေါင်း ၄၁၃၃၄၃၃ ဦးအထိ ရှိလာခဲ့သည်။
ထို့အတူ  ကိုဗစ်-၁၉ ကြောင့် ၆၁၂ ဦး ထပ်မံသေဆုံးမှုနှင့်အတူ စုစုပေါင်း  ကိုဗစ်-၁၉ သေဆုံးသူ ၁၃၆၄၇၃ ဦးအထိ      ရှိလာခဲ့ ကြောင်း   ကျန်းမာရေးဝန်ကြီး ဌာနက ဖော်ပြသည်။ 
အစိုးရသည်   ပြည်သူ   ၂၀၈ ဒသမ ၂၆ သန်းကို ကာကွယ်ဆေး ထိုးပေးနိုင်ရန်    ရည်မှန်းချက် ထား     ဆောင်ရွက်လျက်ရှိသည်။ ကာကွယ်ဆေးများသည်    အင်ဒို နီးရှားနိုင်ငံသားများ     အားလုံး အတွက် အခမဲ့ဖြစ်သည်။   
စက်တင်ဘာ   ၆   ရက်အထိ လူပေါင်းအနည်းဆုံး ၃၈ ဒသမ ၄၇ သန်း   ကိုဗစ်-၁၉ ကာကွယ် ဆေးနှစ်ကြိမ်    ထိုးနှံပြီးပြီဖြစ် ကြောင်း  သိရပြီး   ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီး သူပေါင်း ၆၇ ဒသမ ၁၅ သန်းရှိ ကြောင်း ကျန်းမာရေးဝန်ကြီးဌာန က  သတင်းထုတ်ပြန်ကြေညာ လိုက်သည်။ အင်ဒိုနီးရှား    အစိုးရ သည် အမျိုးသားကာကွယ်ဆေး        ထိုးလိုအပ်ချက်ကို    ပြည့်မီရန် ကိုဗစ်-၁၉     ကာကွယ်ဆေးများ    ကို  ပိုမိုရရှိနိုင်ရေး    ဆက်လက် ကြိုးစား ဆောင်ရွက်လျက်ရှိသည်။ 
ဆင်ဟွာ