
ကင်ဘာရာ စက်တင်ဘာ ၆
ဩစတြေးလျနိုင်ငံတွင် ကိုဗစ် - ၁၉ တတိယလှိုင်းကူးစက်မှုနှင့် ကြုံတွေ့နေရပြီး နေ့စဉ်ကူးစက် မှု ၁၀၀၀ အထက်တွင် ရှိနေသည် မှာ ၁၀ ရက်ဆက်တိုက်ရှိပြီ ဖြစ် သည်။ စက်တင်ဘာ ၅ ရက် မွန်းလွဲပိုင်းအချိန်အထိ ဩစတြေး လျနိုင်ငံတွင် ကူးစက်ခံရသူ ၆၁၆၀၉ ဦး ရှိသည်ဟု ကျန်းမာရေး ဌာန၏ နောက်ဆုံးထုတ်ပြန်ချက် တွင် ဖော်ပြသည်။
စက်တင်ဘာ ၆ ရက် နံနက် ပိုင်းတွင် ဒေသတွင်း ကူးစက်ခံရ သူ ၁၅၃၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီး လက်ရှိ တိုင်းပြည်အတွင်း ရောဂါ ဖြစ်ပွားနေသူဦးရေမှာ ၂၆၀၀၀ ရှိသည်။ နောက်ထပ် ကူးစက်ခံရ သူများထဲတွင် နယူးဆော့ဝေး ပြည်နယ်မှ ၁၂၈၁ ဦး ရှိသည်။ ဇွန် ၁၆ ရက်မှစတင်ကာ နယူး ဆော့ဝေး ပြည်နယ်တွင် ကိုဗစ်- ၁၉ နှင့် ဆက်စပ်ပြီး သေဆုံးသူ ၁၃၁ ဦး ရှိပြီဖြစ်သည်။ ဗစ်တိုး ရီးယား ပြည်နယ်တွင်လည်း နောက်ထပ်ဒေသတွင်း ကူးစက်ခံ ရသူ ၂၄၆ ဦး ထပ်မံတွေ့ရှိခဲ့ သည်။
ဆင်ဟွာ