အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးတို့ ကာတာသို့ ထွက်ခွာ

 

ဝါရှင်တန် စက်တင်ဘာ  ၆


အမေရိကန်  နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် ကာကွယ် ရေးဝန်ကြီး   လွိုက်အော်စတင်တို့ သည်       သံတမန်လုပ်ငန်းများ ချဲ့ထွင်ရန်နှင့်   လုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက် ကာတာနိုင်ငံ သို့ထွက်ခွာခဲ့ကြသည်။
အန်တိုနီ     ဘလင်ကန်သည် စက်တင်ဘာ ၅ ရက်တွင်  ဝါရှင် တန်အနီး   လေတပ်အခြေစိုက် စခန်းမှ  ကာတာနိုင်ငံသို့  ထွက်ခွာ ခဲ့ပြီး      ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်   သည်လည်း ကာတာ၊ ဘာရိန်း ၊   ကူဝိတ်နှင့် ဆော်ဒီအာရေဗျနိုင်ငံများသို့ ခရီး စဉ်  စတင်လိုက်ပြီ   ဖြစ်သည်။ ကာတာနိုင်ငံသည်      တာလီဘန် နိုင်ငံရေးရုံးကို    အိမ်ရှင်အဖြစ် လက်ခံခဲ့ပြီး     အဆိုပါရုံးတွင် အပြည်ပြည်ဆိုင်ရာနှင့်   ဆက်ဆံ ရေး     ပြုလုပ်မည်ဖြစ်သည်။
ဗြိတိန်နှင့်   ဂျာမနီနိုင်ငံတို့က လည်း    ၎င်းတို့၏    အဆင့်မြင့် သံအရာရှိများကို  အာဖဂန်နစ္စတန် အရေးနှင့်    လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာများအတွက် ဆွေးနွေးရန်      ကာတာနိုင်ငံသို့ စေလွှတ်ခဲ့သည်။     ကာတာနိုင်ငံသို့ အဆင့်မြင့်     အရာရှိကြီးများ စေလွှတ်ခြင်းသည်  ကာတာနိုင်ငံ နှင့် ဆက်ဆံရေးကို တိုးမြှင့်ရန်နှင့် အာဖဂန်နစ္စတန်တွင်      ကျန်ရှိ နေသေးသည့်    အမေရိကန်နှင့် အခြားသော   နိုင်ငံသားများကို လုံခြုံစိတ်ချစွာ  ကယ်တင်နိုင်ရေး အတွက်     လုံခြုံရေးအစီအမံများ ပြုလုပ်နိုင်ရန် ရည်ရွယ်သည်။ 
အင်န်အိတ်ချ်ကေ