နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)   ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Novosibirsk မြို့သို့ ရောက်ရှိ


 

နေပြည်တော် စက်တင်ဘာ ၆


ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ   ဒုတိယ ဥက္ကဋ္ဌ၊     ဒုတိယတပ်မတော်    ကာကွယ်ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ်  (ကြည်း)    ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့်  ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့်    တာဝန်ရှိသူများလိုက်ပါ၍   စက်တင်ဘာ ၅ ရက် ဒေသစံတော်ချိန်     နံနက်ပိုင်းတွင်   မော်စကိုမြို့     Sheremetyevo    အပြည်ပြည်ဆိုင်ရာ  လေဆိပ်မှ  Novosibirsk မြို့သို့  ထွက်ခွာကြရာ ရုရှားနိုင်ငံဆိုင်ရာ   မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့်  ရုရှားကာကွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက လေဆိပ်တွင် ပို့‌ဆောင်နှုတ်ဆက် ကြသည်။
ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ   ဒုတိယ ဥက္ကဋ္ဌ၊   ဒုတိယတပ်မတော်   ကာကွယ်ရေးဦးစီးချုပ်    ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်    အဖွဲ့ဝင်များသည်    Novosibirsk  မြို့ Tolmachevo လေဆိပ်သို့   ရောက်ရှိကြရာ    အမှတ်(၄၁)တပ်မ ထောက်လှမ်းရေးဌာန အကြီးအကဲ Colonel  Dimity  V. Menchov နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။             သတင်းစဉ်