
နေပြည်တော် စက်တင်ဘာ ၆
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားနေသည့် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ် ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများ လွယ်လင့်တကူ ဝယ်ယူနိုင်ရေး၊ အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရရှိစေရေး အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း၏ စီစဉ်မှု ဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ် ကုန်သည် လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်း ထောင့်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါး များ လက်လီလက်ကား ဖြန့်ဖြူး ရောင်းချခြင်းအစီအစဉ်ကို ယနေ့ တွင် ဆောင်ရွက်ခဲ့ရာ ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသော ကုမ္ပဏီ ၁၂ခုမှ အိမ်သုံးဆေးဝါး ၁၅၄ မျိုးအား ရောင်းချပေးလျက် ရှိပြီး ငွေကျပ် ၃၂သိန်းကျော်တန်ဖိုး ရှိ ဆေးနှင့်ဆေးပစ္စည်းများကို ရောင်းချခဲ့သည်။
အလားတူ ပထမအစီအစဉ် အဖြစ် ဖွင့်လှစ်ရောင်းချပေးလျက် ရှိသည့် အလုံမြို့နယ် ကမ်းနား လမ်း လွတ်လပ်ရေးရပ်ကွက် အမှတ်(၁၀၄/၁၀၈)နေရာ၌လည်း ၁၆ ရက်နေ့အဖြစ် ဆက်လက် ရောင်းချပေးလျက်ရှိပြီး ယနေ့ တွင် ငွေကျပ် ငါးသိန်းကျော်တန်ဖိုး ရှိ ဆေးနှင့်ဆေးပစ္စည်းများ ရောင်းချနိုင်ခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည် များအသင်း၏ စီစဉ်မှုဖြင့် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အချို့တွင်လည်း ရွေ့လျားဈေး ကားဖြင့် ဆန်၊ ဆီနှင့် ကြက်ဥများ ကို ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်