
နေပြည်တော် စက်တင်ဘာ ၆
တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့အတွင်း ပန်းခင်းစီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးရေး လုပ်ငန်းဆောင်ရွက်မှု ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီး မှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြ သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုင်ငံတော်၏စီမံချက်ဖြစ်သည့် ပန်းခင်းစီမံ ချက်အား မိမိတို့ဌာနမှ တာဝန်ယူအကောင်အထည် ဖော်ဆောင်ရွက်နေမှု၊ ပန်းခင်းစီမံချက်သည် သတ်မှတ်အချိန်ကာလအတွင်း သတ်မှတ်လုပ်ငန်း ပမာဏ ပြည့်မီပြီးစီးအောင် ကြိုးပမ်းဆောင်ရွက် ကြရမည့်အခြေအနေ၊ ယခု ကိုဗစ်-၁၉ ရောဂါဖြစ်ပွား မှုကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု နှောင့်နှေး ရသည့်အပေါ် စနစ်တကျသုံးသပ်ကာ ဆောင်ရွက်နိုင် သမျှ လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက် ကြရန်လိုအပ်မှု၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လည်း ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ တိကျစွာလိုက်နာ ဆောင်ရွက်နိုင်ရေး အခြေအနေ၊ လုပ်ငန်းများ ထိရောက် အောင်မြင်ရေးအတွက် ဝန်ကြီးဌာနအနေ ဖြင့် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနေ မှု၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူး များကလည်း ဒေသအာဏာပိုင်များ၊ မိတ်ဖက် အဖွဲ့ အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရမည့် အခြေအနေ၊ မီဒီယာပိုင်းမှ online / offline အသုံး ပြု၍ ပြည်သူများ သိရှိနားလည်ဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်နေမှုအခြေအနေ၊ လက်ရှိ အခြေအနေအရ တပ်မတော်အပါအဝင် အဖွဲ့အစည်း အသီးသီးသို့ ဆက်သွယ်အသိပေးကာ စာရင်းဇယား များ ကောက်ယူဆောင်ရွက်ရေးနှင့် ရုံးများသို့ လာရောက်ဆောင်ရွက်နိုင်မည့် အရေအတွက် သတ်မှတ်ကန့်သတ်ဆောင်ရွက်ပေးနိုင်ရေး အခြေ အနေ၊ ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏအလိုက် တစ်ဆင့်ပြီး တစ်ဆင့်ဆောင်ရွက်ရင်း ရည်မှန်းချက်သို့ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် လုပ်ငန်းလိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြရန် အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင် ပြည်နယ် ဦးစီးမှူးများက ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ် အလိုက် ကိုဗစ်-၁၉ ကာလအတွင်း လုပ်ငန်း ဆောင်ရွက်နေ မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် များ၊ လုပ်ငန်းလိုအပ်ချက်များကို အသီးသီးရှင်းလင်း တင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်း လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပန်းခင်းစီမံချက်သည် နိုင်ငံသားတိုင်း လူမှုဘဝပြည့်စုံ နိုင်ရေးအတွက် အရေးကြီးသော အထောက်အထား ထုတ်ပေးသည့် စီမံချက်ဖြစ်သည်နှင့်အညီ ပြည်သူ များ သိရှိဆောင်ရွက်စေရေး နည်းမျိုးစုံအသုံးပြု၍ အလေးထားဆောင်ရွက်ကြရန်မှာကြားသည်။
သတင်းစဉ်