ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်တွင်အသုံးပြုရန် ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်း

ပဲခူး စက်တင်ဘာ ၅


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တိုင်းဒေသကြီး   ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ ယနေ့  မွန်းလွဲပိုင်းတွင်  ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-  ၁၉  ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်တွင်  အသုံး ပြုရန်အတွက်   Titans  Thiha Group of Co.,Ltd ၊ Mingalar Than Myaint Energy Co., Ltd နှင့်          ဌေးနန္ဒာမြင့်ကင်ဆာ   ဖောင်ဒေးရှင်းတို့က ကျန်းမာရေး သုံး အထောက်အကူပြုပစ္စည်းများ  လာရောက်လှူဒါန်းသည်။

ရှေးဦးစွာ Mingalar Than Myaint Energy Co.,Ltd၏ မန်နေဂျာက    ကျန်းမာရေးသုံး အထောက်အကူပြု  ပစ္စည်းများ လှူဒါန်းရခြင်းနှင့်   ပတ်သက်၍ ပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသ ကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်တွင်   အသုံးပြုရန် အတွက်  အိမ်သုံးအောက်ဆီဂျင် စက်နှစ်လုံးနှင့် ကျန်းမာရေးသုံး အထောက်အကူပြု  ပစ္စည်းများ ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး     ဝန်ကြီးချုပ်     ဦးမျိုးဆွေဝင်းက လက်ခံရယူခဲ့ပြီး   ကျေးဇူးတင် စကား   ပြန်လည်ပြောကြားကာ  ဂုဏ်ပြုမှတ်တမ်းလွှာ  ပေးအပ်ခဲ့ ကြောင်း သိရသည်။


တင်စိုး( ပဲခူး)