
နေပြည်တော် စက်တင်ဘာ ၅
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင် များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးသီးမြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ငါးလုံး၊ Flow Meter နှစ်စုံ၊ မျက်နှာအကာ ငါးခု၊ နှာခေါင်းစည်း ၅၀ တို့ကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့် တမူးမြို့တို့ရှိ ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်း များအတွက် နှာခေါင်းစည်းများနှင့် တစ်ကိုယ်ရေသုံး ကာကွယ်ရေးဝတ်စုံများကို လည်းကောင်း တိုင်းစစ်ဌာန ချုပ်များမှ တိုင်းမှူးများနှင့် နယ်မြေခံ တပ်မတော်သား များက သွားရောက်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်း မြို့ ကျောက်ချောင်းကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားရှိသည့် လူထု အခြေပြုဖျားနာကု ဆေးခန်းပြင်ဆင်ထားရှိမှုနှင့် ကုသပေးနေမှု အခြေအနေများကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်း များအတွက် ကလေးမြို့ သီတဂူစက္ခုဒါနဆေးရုံ၌ တစ်ရက်လျှင် အောက်ဆီဂျင် လီတာ ၄၀ ဆံ့ ၂၀၀ လုံး ထုတ်လုပ်နိုင်မည့် အောက်ဆီဂျင်စက် ထုတ်လုပ် လည်ပတ်မှုများကိုလည်းကောင်း တိုင်းစစ်ဌာနချုပ် များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
သတင်းစဉ်