ပေါင်မြို့သို့ အောက်ဆီဂျင်ထုတ်စက်သစ်ကြီး ရောက်ရှိ ငါးရက်အတွင်း အပြီးတပ်ဆင်၍ အောက်ဆီဂျင်များ အခမဲ့ဖြန့်ဝေမည်

 

ပေါင် စက်တင်ဘာ ၅


ပေါင်မြို့နယ် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီ၏ ဦးဆောင်စီစဉ်မှုဖြင့် ပေါင်မြို့ ပြည်သူ့ ဆေးရုံကြီး၌ ထားရှိအသုံးပြုမည့် ငွေကျပ်သိန်း ၁၃၅၀ တန်ဖိုးရှိ ယူကေနိုင်ငံထုတ် အောက်ဆီဂျင်စက်သစ်ကြီး စက်တင်ဘာ ၅ ရက် နံနက်ပိုင်းက ရောက်ရှိလာပြီဖြစ်၍ ငါးရက်အတွင်း အပြီးတပ်ဆင်သွားမည်ဖြစ် ကြောင်းနှင့် မကြာမီရက်ပိုင်းအတွင်း အောက်ဆီဂျင်များ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ အောက်ဆီဂျင်စက်သစ်ကြီးကို မြို့နယ်အတွင်းရှိ အလှူရှင်များနှင့် ရပ်ဝေးရပ်နီးမှ အလှူရှင် များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဝယ်ယူခြင်းဖြစ်ပြီး တစ်နာရီလျှင်  လီတာ ၄၀ ဆံ့ အိုးရှစ်လုံး ထွက်ရှိမည် ဖြစ်ကြောင်းနှင့် ထွက်ရှိလာမည့်အောက်ဆီဂျင်များကို ပေါင်မြို့နယ်အတွင်းမှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား နေသည့် လူနာများနှင့် အောက်ဆီဂျင်လိုအပ်သည့် အခြားလူနာများ အသုံးပြုနိုင်ရန် အခမဲ့ ဖြန့်ဝေပေးမည် ဖြစ်ကြောင်း အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီမှ သိရသည်။


မြို့နယ်(ပြန်/ဆက်)