ဒလမြို့နယ်၌ တစ်နာရီ လီတာ ၂၀၀ ထုတ်နိုင်သည့် အောက်ဆီဂျင်ထုတ်စက် လွှဲပြောင်းပေးအပ်

 

ရန်ကုန် စက်တင်ဘာ ၅


ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အရေးပေါ်လူနာများအား ကုသပေး နိုင်ရေးနှင့် ပြည်သူများ၏ အောက်ဆီဂျင်လိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ရည်ရွယ်လျက် တော်ဝင်ဒီပါကုမ္ပဏီမှ   မတည်လှူဒါန်းသည့် အောက်ဆီဂျင်ထုတ်စက်နှင့် စေတနာရှင်များ စုပေါင်းလှူဒါန်းငွေများဖြင့် တည်ဆောက်ပြီးစီး သည့်  အောက်ဆီဂျင်စက်ရုံအဆောက်အအုံ လွှဲပြောင်းပေးအပ်ပွဲကို အဆိုပါ အောက်ဆီဂျင် ထုတ်စက်ရုံရှေ့၌   စက်တင်ဘာ  ၅  ရက်က ကျင်းပသည်။


စက်ရုံလွှဲပြောင်းပေးအပ်ပွဲတွင်   မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်က အမှာစကားပြောကြားပြီး အလှူရှင် တော်ဝင် ဒီပါကုမ္ပဏီကိုယ်စား    ပရောဂျက်ဒါရိုက်တာ ဦးငြိမ်းချမ်းအောင်က တစ်နာရီလျှင် လီတာ ၂၀၀ ထုတ်လုပ်ပေးနိုင်သည့် အောက်ဆီဂျင် စက်နှင့် ဆက်စပ်ပစ္စည်းများ၊ လီတာ ၄၀ ဆံ့ အောက်ဆီဂျင်ဆလင်ဒါအိုး အလုံး ၅၀ တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံ လွှဲပြောင်း ပေးအပ်သည်။   


အဆိုပါ အောက်ဆီဂျင်စက်မှာ တစ်နာရီ လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင် ဆလင်ဒါ အိုး ငါးလုံး ထုတ်လုပ်ပေးနိုင်ပြီး ထွက်ရှိသော အောက်ဆီဂျင်များကို  မြို့နယ်ပြည်သူ့ဆေးရုံ၊ မြို့နယ်အတွင်းမှ  လူမှုကူညီရေးအဖွဲ့အစည်း များနှင့် ဒေသခံပြည်သူများ၏ အောက်ဆီဂျင် လိုအပ်ချက်များအတွက် ဖြန့်ဖြူးပေးနေပြီဖြစ် ကြောင်းသိရသည်။


သတင်းနှင့်ဓာတ်ပုံ
နိုင်လင်းကျော်(ပြန်/ဆက်)