ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံအလုပ်ရုံမှ အလုပ်သမားခုနစ်သိန်းကျော်အား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်

 

ရန်ကုန်  စက်တင်ဘာ   ၅


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  လူမှုဖူလုံရေးအဖွဲ့ ဝင်  စက်ရုံ၊ အလုပ်ရုံပေါင်း  ၇၆၂၀ နှင့်   အလုပ် သမားပေါင်း ၇၃၂၈၉၈ ဦးရှိရာ ၎င်းတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများ လျင်မြန် ချောမွေ့စေရေး  ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး   မင်္ဂလာခန်းမ၌ ပြုလုပ်သည်။


အစည်းအဝေးတွင်    တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးက ရောဂါကူးစက်ပြန့်ပွားမှု     မရှိစေရေး အတွက်   အစုအဝေးများနှင့်    နေထိုင်သည့် အဖွဲ့ အစည်းများ ၊  စက်ရုံအလုပ်ရုံများမှ      အလုပ်သမား များကို    ကာကွယ်ဆေးထိုးနှံသည့်     လုပ်ငန်းများ လွယ်ကူလျင်မြန်ချောမွေ့စေရေးအတွက်    တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ ဌာနများအားလုံး စနစ်တကျဖွဲ့စည်းပြီး    ပူးပေါင်း ဆောင်ရွက်မည့် အစီအစဉ်များကို ပြောကြားသည်။


ဆက်လက်၍ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေက   ရန်ကုန်တိုင်းဒေသကြီး အတွင်းမြို့နယ်အလိုက် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးရာတွင်  တပ်မတော်မှဝိုင်းဝန်း    ကူညီဆောင် ရွက်ပေးနေမှုအခြေအနေများနှင့်   စက်မှုဇုန်များမှ အလုပ်သမားများအား   ကာကွယ်ဆေးထိုးမည့် အစီ အစဉ်တွင်   ကူညီဆောင်ရွက်ပေးမည့်အစီအစဉ်များ ကို ဆွေးနွေးပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး   ဒုတိယညွှန်ကြားရေးမှူးချုပ်  ဒေါက်တာ ထွန်းမင်းက   ကာကွယ်ဆေးရရှိမှု၊       ဖြန့်ဝေမှုနှင့်  ဆက်လက်ဆောင်ရွက်မည့်         အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။ 


ဆက်လက်ပြီး လူမှုဖူလုံရေးဦးစီးဌာန   ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုနိုင်က  လူမှုဖူလုံရေး အဖွဲ့ဝင်  စက်ရုံ၊ အလုပ်ရုံပေါင်း  ၇၆၂၀ နှင့် အလုပ် သမားပေါင်း ၇၃၂၈၉၈ ဦး ရှိရာ ကာကွယ်ဆေးထိုးပြီး အခြေအနေနှင့်   ဆေးထိုးရန်  ကျန်ရှိသူများအား ဆေးထိုးရာတွင် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ် များကို ဆွေးနွေးတင်ပြသည်။


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များမှ       စက်မှုဇုန်များတွင် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် အလုပ် သမားအင်အားနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။


ယင်းနောက်     တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စက်မှုဇုန်စီမံခန့်ခွဲ ရေးအဖွဲ့များ ပါဝင်သည့် အဖွဲ့ငယ်များလုံလောက်အောင် ဖွဲ့စည်းပေးရန်နှင့် ဆေးထိုးခြင်းလုပ်ငန်းများကို အမြန် ရောက်၊ အမြန်ဖြန့်၊  အမြန်ထိုးရန်   လမ်းညွှန်ချက် အတိုင်း  အားလုံးပူးပေါင်းဆောင်ရွက်ကြရန်နှင့် ဖြည့် ဆည်းဆောင်ရွက်ပေးမည့်ကိစ္စရပ်များကို ပြောကြား ကြောင်း သိရသည်။        

ဆန်းကျော်ဦး(ပြန်/ဆက်)