ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှတင်သွင်းနိုင်ရေး ပိတ်ရက်မရှိဆောင်ရွက်ပေး

 

နေပြည်တော်   စက်တင်ဘာ    ၅


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ပစ္စည်းများကို အများပြည်သူ ရုံးပိတ်ရက် များတွင်   လေကြောင်း၊  ရေကြောင်းနှင့်   နယ်စပ် ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက်    စီးပွားရေးနှင့်  ကူးသန်း ရောင်းဝယ်ရေး     ဝန်ကြီးဌာနအနေဖြင့်   အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။


ယနေ့တွင် ချင်းရွှေဟော်၊ မြဝတီ ၊ တာချီလိတ်နှင့် ထီးခီး စခန်းလေးခုတို့မှ တင်သွင်းရာ ကုမ္ပဏီ ၁၀ ခုမှ ယာဉ်စီးရေ  ၁၈  စီးဖြင့်  အောက်ဆီဂျင်(အရည်) Bowser ယာဉ် နှစ်စီးဖြင့် တန် ၄၀၊ အောက်ဆီဂျင် (အရည်) အိုးဖြင့် ၃ တန်၊ အောက်ဆီဂျင်(အိုးခွံ) ၇၂၀၊ Oxygen Plant နှစ်ခု၊ အိမ်သုံး Oxygen Concen-trator  အခု ၁၇၀၀၊ PPE ဝတ်စုံ ၂၀၀၀  နှင့် နှာခေါင်း စည်း (Mask) ၂၆ တန် တင်သွင်းခဲ့သည်။ အောက်ဆီ ဂျင် အရည်(Bowser) ယာဉ်နှစ်စီးနှင့်  Oxygen Plant နှစ်ခုမှာ ရန်ကုန်မြို့သို့ ဖြစ်ကြောင်း သိရသည်။


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေး ဆိုင်ရာ   ပစ္စည်းများကို     သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့်  SOP  များနှင့်အညီ  ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူ သိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် comm-erce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ် ဆောင်ရွက်ပေးထားပါကြောင်း သိရှိရသည်။ 

သတင်းစဉ်