
နေပြည်တော် စက်တင်ဘာ ၅
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုး များ၊ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အာဟာရ ဖြည့်စားသောက်ဖွယ်ရာများကို လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးသီးမြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီ ဂျင် အိုး ငါးလုံး၊ Flow Meter နှစ်စုံ၊ Face Shield ငါးခု၊ Mask ဘူး ၅၀ တို့ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့် တမူး မြို့တို့ရှိ ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာ ရေးဝန်ထမ်းများအတွက် Mask များနှင့် PPE ဝတ်စုံများကိုလည်းကောင်း တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် နယ်မြေခံတပ်မတော်သားများ က သွားရောက်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံယူကြသည်။
ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ ကျောက်ချောင်း ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားရှိသည့် လူထုအခြေပြုဖျားနာကု ဆေးခန်းပြင်ဆင်ထားရှိမှုနှင့် ကုသပေးနေမှု အခြေအနေများကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်း များအတွက် ကလေးမြို့ သီတဂူစက္ခုဒါနဆေးရုံ၌ တစ်ရက်လျှင် အောက် ဆီဂျင် ၄၀ လီတာဆံ့ အလုံး ၂၀၀ ထုတ်လုပ်နိုင်မည့် အောက်ဆီဂျင် စက် ထုတ်လုပ်လည်ပတ်မှုများကိုလည်းကောင်း တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်