ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်

 

နေပြည်တော်  စက်တင်ဘာ    ၅


ကိုဗစ်-၁၉  ရောဂါ  အတည်ပြုလူနာများနှင့်  သီးသန့်စောင့်ကြည့်ရမည့်သူများထားရှိရန်  တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ  တပ်မတော် ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊  စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီး သည့်နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီး ဌာနနှင့်  အခြားဌာနဆိုင်ရာ  တာဝန်ရှိသူများ၊  ပရဟိတအဖွဲ့အစည်းများ၊  တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍  သက်ဆိုင်ရာမြို့နယ်များ၌ Quarantine  Center များကို ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ 


ယင်းသို့ပြင်ဆင်ဆောင်ရွက်နေမှုများနှင့်  ကျန်းမာရေး စောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် နေမှုများကို   ယနေ့တွင်   တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီး မှ  တာဝန်ရှိသူများ၊ သက်ဆိုင်ရာ   တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူး များနှင့်         တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍  ကိုဗစ်-၁၉   ရောဂါ အထောက်အကူပြုပစ္စည်း များ၊ အာဟာရဖြည့် စားသောက် ဖွယ်ရာများနှင့်    အလှူငွေများ ပေးအပ်ကာ      လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။  


ထိုသို့ ပြင်ဆင်လက်ခံ ဆောင် ရွက်ပေးလျက်ရှိရာ      ယနေ့ည ၇ နာရီထိ နေပြည်တော် စစ်ကြော ရေးနှင့်တည်းခိုရေးစခန်း၌ သီးသန့်     စောင့်ကြည့်ရမည့်သူ  အမျိုးသား  ၇၉  ဦးနှင့် အမျိုးသမီး ၈၄ ဦး၊ စုစုပေါင်း ၁၆၃ ဦး၊ ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြို့နယ် စစ်ကြော ရေးနှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲ အတည်ပြု   ပိုးတွေ့လူနာ  အမျိုး သား   ၃၅  ဦး   နှင့် အမျိုးသမီး  ၁၃  ဦး  စုစုပေါင်း ၄၈ ဦး၊ ရဲမွန်တပ် မြို့ရှိ   နယ်မြေခံတပ်၌   ဓာတ်ခွဲ အတည်ပြု  ပိုးတွေ့လူနာ အမျိုး သား ၁၉ ဦး၊ အမျိုးသမီး  ကိုးဦး၊  စုစုပေါင်း ၂၈  ဦး အသီးသီး လက်ခံ ထားရှိကြောင်း သိရသည်။


အဆိုပါ     စောင့်ကြည့်လူနာ များနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာများ၏ နေထိုင်စားသောက် ရေးနှင့် ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများကို     သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံ ဆေးကုသရေး       အဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင် ရွက်ပေးလျက်ရှိကြောင်း      သိရ သည်။                      

သတင်းစဉ်