တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်   စက်တင်ဘာ    ၅


တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီး ဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊  ဘာသာမရွေး အသက် (၆၅) နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသား ပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံ နေသည့်     အကျဉ်းသား၊    အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက်  ဆေးနှင့်ဆေးပစ္စည်းများကို  တပ်မတော်လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ် ဆေးထိုးနှံပေးခြင်းများကို  ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်လျက်ရှိသည်။


ကာကွယ်ဆေးထိုးနှံ


ထိုသို့    ဆောင်ရွက်လျက်ရှိရာ    ယနေ့တွင် ရှမ်းပြည်နယ်    (မြောက်ပိုင်း)   အတွင်းရှိ   မြို့နယ် ခြောက်မြို့နယ်မှ  သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ အသက် ၆၅ နှစ်နှင့်အထက်  သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း  ၃၁၈၅ ဦးတို့အားလည်းကောင်း၊  ရှမ်း ပြည်နယ် (အရှေ့ပိုင်း) အတွင်းရှိ မြို့နယ် ငါးမြို့နယ် မှ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ အသက် ၆၅ နှစ်နှင့်အထက်  သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၁၁၈၃ ဦးတို့အားလည်းကောင်း၊ မွန်ပြည်နယ်နှင့်    ကရင် ပြည်နယ်အတွင်းရှိ  မြို့နယ်  ၁၆  မြို့နယ်မှ သံဃာ တော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ အသက် ၆၅   နှစ်နှင့်အထက်  သက်ကြီးဘိုးဘွားများ၊  ဌာန ဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူနှင့်   အကျဉ်းသူ/အကျဉ်းသားများ  အပါအဝင် စုစုပေါင်း ၉၃၁၉ ဦးတို့အား လည်းကောင်း၊ တနင်္သာရီတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ် သုံးမြို့နယ်မှ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ပြည်သူစုစုပေါင်း ၁၉၆၀ တို့အားလည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိ သံဃာတော်များ၊ အသက် ၆၅ နှစ် နှင့်အထက်   သက်ကြီးဘိုးဘွားများ၊    ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၂၁၃၃ ဦးတို့အား လည်းကောင်း၊  ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၇ မြို့နယ်အတွင်းမှ ထေရ်ကြီးဝါကြီး  ဆရာ တော်ကြီးများ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊   စေတနာ့ဝန်ထမ်းများ၊    ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၆၉၂၆ ဦးတို့အား လည်းကောင်း၊    ရခိုင်ပြည်နယ်      စစ်တွေမြို့နယ် အတွင်းရှိ ကယ်ဆယ်ရေးစခန်းများမှ ဘင်္ဂါလီလူမျိုး ၈၁၆ ဦး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်  ၁၆  မြို့နယ်မှ သံဃာတော်များ၊ စေတနာ့ ဝန်ထမ်းများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ ဌာန ဆိုင်ရာ ဝန်ထမ်းများ၊ တိုက်ပွဲရှောင်ပြည်သူများနှင့်  ဒေသခံပြည်သူစုစုပေါင်း ၁၀၃၀၃ ဦးတို့အား လည်း ကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် သုံးမြို့နယ်မှ သံဃာတော်များ၊ စေတနာ့ဝန်ထမ်းများ၊  အကျဉ်းသား၊ အကျဉ်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်း များ၊ တိုက်ပွဲရှောင်ပြည်သူများနှင့် ဒေသခံပြည်သူ စုစုပေါင်း ၂၂၉၃ ဦးတို့အား လည်းကောင်း၊ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ခုနစ်ခုတို့မှ ထေရ်ကြီး ဝါကြီး ဆရာတော်ကြီးများ၊ အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ပြည်သူစုစုပေါင်း ၈၉၅၂ ဦးတို့အားလည်း ကောင်း၊    ပဲခူးတိုင်းဒေသကြီးအတွင်းရှိ    မြို့နယ် ၁၀ မြို့နယ်မှ သံဃာတော်များ၊  အသက် ၆၅  နှစ်နှင့် အထက်  သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ပြည်သူ စုစုပေါင်း ၅၉၂၀ တို့အားလည်းကောင်း တပ်မတော် မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန် များ၊    သက်ဆိုင်ရာ   ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့်   ပူးပေါင်း၍   ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးသည်။


ကြည့်ရှုအားပေး


ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင် ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွား ရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်