
နေပြည်တော် စက်တင်ဘာ ၄
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးပစ္စည်းများအား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ် ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ်ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။ ထိုသို့ထုတ်ပေး ရာတွင် စက်တင်ဘာ ၄ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် ကုမ္ပဏီ ကိုးခုမှ Eprex 4000 Injection ၉၅၇ ခု၊ Durapen ၉၄၀၁ ခု၊ Clarithromycin Tablets ၅၀၀၊ Azithromycin Anhydrous ၄၀၀၀၊ Endoxan Tablets ၅၀၀၊ Vinoxarin Injection ၂၀၁၅၂ ခု၊ Cresp Injection ၂၀၀၀၊ Favtris Tablets ၅၀၁၁ ခု၊ Silex 1G Powder For Injection ၁၀ ခု၊ Oxygen Concentrator ခြောက်ခု၊ ရန်ကုန် ဆိပ်ကမ်းများမှ Raw For Medicine ၁၁၀၀၀ Kg၊ Oxygen Con-centrator ၄၄၀၊ Surgical Face Mask ၃၆၀၀၀၊ Oxygen Plant ကိုးခု၊ ဆေးဝါးမျိုးစုံ ၆၉၅၆၀ Kg၊ နယ်စပ် (ချင်းရွှေဟော်၊ မူဆယ်၊ မြဝတီ၊ တာချီလိတ်၊ ကိုးကန့်)တွင် ကုမ္ပဏီ ၂၄ ခုတို့မှ Oxygen Cylinder ၅၃၁၁ ခု၊ Oxygen Concentrator ၆၄ ခု၊ Mask ၂၄၉၅၀ Kg၊ Liquid Oxygen ၁၅၄၉၂ m3၊ Flow Meter ၃၉၆၀၊ PPE ၈၂၇၅၀၊ Oxygen Plant ခြောက်ခု၊ Oxygen Mask ၄၀၀၀၊ Syringe ၆၈၃၂ ခု၊ Infusion ၆၀၀၊ Hydrochloride Injection ၅၄၁၂ Kg၊ Hydrocortisone Injection ၆၃၇၁ Kg၊ Vitamin B6 Injection ၁၈၀၃၂ Kg၊ Shoe Cover ၇၅၀ Kg၊ Cannula ၅၄၀၀ ၊ Gloves ၉၇၂၂ Kg၊ Thermometer ၉၀၀ ၊ 84 Disinfectant (Isopropyi Alcohol) ၁၀၀၀၀ Kg၊ Disposable Cap ၁၀၀၀ Kg ၊ Oximeter ၁၂၀၊ Oxygen Air Speration Machine Spare Parts သုံးခု၊ Surgical Gown ၅၅၀၀ Kg၊ Trolley ၁၇၅ ခု တို့အား ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်