ကိုဗစ်နဲ့ပတ်သက်လို့ ကာကွယ်ဆေးထိုးထားတာက အကောင်းဆုံးပါ။ ကိုဗစ်ကာကွယ်ဆေး မထိုးနှံဖြစ်သေးတဲ့သူတွေလို အောက်ဆီဂျင်ကျပြီး အသက်ဆုံးပါးရတဲ့အထိ မဖြစ်တော့ဘူးပေါ့

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို နိုင်ငံတော်အစိုးရက တစ်နိုင်ငံလုံးတွင် အရှိန် အဟုန်မြှင့်  ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသူများသည် ကာကွယ်ဆေး မထိုးနှံရသေးသူများထက် ခံနိုင်ရည်ရှိသည်ကို ဆေးပညာ ရပ်ဆိုင်ရာ ပညာရှင်များက ဆိုထားသည်။  ထို့ကြောင့်  ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုခံခဲ့ရသော်လည်း ကာကွယ်ဆေးထိုးနှံထားသည့်အတွက် ပြန်လည်ကောင်းမွန်လာသည့်သူများ၏ စကားသံများကို ဖော်ပြလိုက်ပါသည်။ 
ဦးခင်မောင်ထွန်း (ခရမ်းကိုင်းကျေးရွာ၊ လယ်ဝေးမြို့နယ်)
ကျွန်တော် ဇူလိုင် ၃၀ ရက်နေ့မှာ စပြီးဖျားပါတယ်။ မိုးမိပြီး  ပုံမှန် ဖျားတယ်ပဲ ထင်ခဲ့တာပါ။ ဖျားပြီး သုံးရက်မြောက်နေ့မှာ သံသယဖြစ်တာ နဲ့ အိမ်အပေါ်ထပ်ကနေ အောက်ဆင်းပြီး ခြံထဲမှာရှိတဲ့ အနံ့ရိုင်းတဲ့အပင် ရဲ့ အနံ့ရှူကြည့်တဲ့အခါ အနံ့က မရတော့ဘူး။ အဲဒါနဲ့   မိသားစုတွေနဲ့ တိုင်ပင်ပြီး  ဆေးရုံကို  သွားရောက်ခဲ့ပါတယ်။  ပထမအကြိမ်  ဩဂုတ် ၄ ရက်နေ့မှာ ကိုဗစ်စစ်တော့ Negative ထွက်တယ်။ ဒုတိယအကြိမ် အနေနဲ့ ဩဂုတ် ၆ ရက်နေ့မှာ ထပ်မံစစ်ကြည့်တော့ Positive ထွက်ပါ တယ်။  နောက်တစ်နေ့မှာတော့ ကိုဗစ်စင်တာကို ပြောင်းနေရတယ်။ စင်တာရောက်တဲ့အခါ      ဆရာဝန်တွေက    ကိုယ့်မှာအရင်ကရောဂါ ကြောင့် သောက်နေရတဲ့ ဆေးရှိသလားမေးတယ်။ ပြီးတော့ ၁၀ ရက်စာ သောက်ဖို့ဆေးတွေ ပေးပါတယ်။ အရေးပေါ်လိုအပ်ရင်ခေါ်ဖို့ ပြောတယ်။
အစားအသောက်ပိုင်းမှာလည်း မနက်စာ၊ နေ့လယ်စာနဲ့ ညစာကို ကိုဗစ်စင်တာ ရောက်ပြီဆိုကတည်းက စားရမယ့်အချိန် ရောက်ပြီဆိုတာ နဲ့  ပုံမှန်ပို့ပေးပါတယ်။  အစားအသောက်  များများစားဖို့   ဆရာဝန်က ပြောပါတယ်။ ကျွန်တော် ကိုဗစ်-၁၉ ကူးစက်ခံရတော့ ဆွေမျိုးမိတ်ဆွေ တွေက ဖုန်းနဲ့အားပေးစကားပြောပေးကြပြီး ဆေးဝါးနဲ့ စားသောက်ဖွယ် ရာတွေကိုလည်း လက်ဆောင်ပို့ပေးကြပါတယ်။
ကျွန်တော်  တက်ရောက်ကုသခဲ့တဲ့   လယ်ဝေးဆေးရုံမှာ  အကုန် အဆင်ပြေပါတယ်။ လိုအပ်ရင် လူနာတွေသုံးဖို့ အောက်ဆီဂျင်ဘူးတွေ အဆင်သင့်ပြင်ဆင်ထားတာကိုလည်း တွေ့ရတယ်။ ကိုဗစ်ကာကွယ် ဆေးထိုးတာကြောင့်  ထင်တယ်၊  ဖျားတာနဲ့  ချောင်းဆိုးတာကိုတော့ ငါးရက်လောက် ခံစားလိုက်ရတယ်။ ပြင်းထန်စွာ ခံစားရတာမရှိဘူး။ ကိုဗစ် ကာကွယ်ဆေးထိုးထားတာကြောင့် ကျွန်တော်အခုလို မြန်မြန် ဆန်ဆန်နဲ့ ကိုဗစ်ရောဂါ ပျောက်ကင်းလာတာလို့ ယုံတယ်။ ကျန်းမာ ရေးအတွက် မနက် ၅ နာရီတိုင်း လမ်းထလျှောက်တာ အခုဆို ၁၅ နှစ် ရှိနေပြီ။    ပြီးတော့  ရောဂါခံနိုင်ရည်ရှိတာ   ကျန်းမာရေးလိုက်စားတာ ကြောင့်လည်း ပါမယ်ထင်ပါတယ်။ 
သတင်းစာ၊ ရုပ်မြင်သံကြားတွေမှာ တွေ့ရတာ ကိုဗစ်ကာကွယ်ဆေး က ရောဂါကူးစက်ခံရပြီဆိုရင် အမှန်တကယ် ၇၀ ရာခိုင်နှုန်းလောက် ကာကွယ်ပေးတယ်ဆိုတာ ဟုတ်ပါတယ်။ ဆေးရဲ့အကျိုးအာနိသင်ကို ကျွန်တော် လက်တွေ့ခံစားရလို့ပါ။ ကိုဗစ်ကာကွယ်ဆေးကို ပြည်သူတွေ အားလုံး ထိုးနှံခွင့်ရရင် ထိုးရမယ့်ဆေးဖြစ်တဲ့အတွက် မကြောက်မလန့် ဘဲ  ယုံကြည်ချက်ရှိရှိနဲ့   ထိုးကြပါလို့   တိုက်တွန်းလိုပါတယ်။   
ဒေါ်ဥမ္မာဝင်း (ကျန်းမာရေးဝန်ထမ်း)
ကျွန်မရဲ့အလုပ်က  ဆေးရုံက Positive လူနာတွေကို  ကျွေးမွေးဖို့ ဈေးထွက်ဝယ်ရတဲ့   အပိုင်း၊    ထမင်း၊  ဟင်းတွေချက်၊   လူနာတွေကို ကျွေးမယ့် ထမင်း၊ ဟင်းတွေကိုပို့ဖို့ စီစဉ်ပေးရတဲ့ အာဟာရကျွေးမွေးတဲ့ အပိုင်း စတာတွေကို တာဝန်ယူရပါတယ်။ ဇူလိုင် ၁၇ ရက်နေ့ ညနေမှာ လူနာတစ်ယောက်ကို  ထရော်လီတွန်းပေးရင်း  ပြုတ်ကျမလို့  ဖြစ်တဲ့ အတွက် လှမ်းကိုင်လိုက်မိတယ်။ အဲဒီလူနာကို အဲဒီနေ့ညနေမှာ ကိုဗစ် စစ်တဲ့အခါ Positive အဖြေထွက်တယ်။ အဲဒီလူနာ Positive ထွက်တော့ ကိုယ့်ကိုယ်ကိုယ် ကူးပြီလားဆိုပြီး သံသယတော့ ဖြစ်မိတယ်။ 
တိုက်တိုက်ဆိုင်ဆိုင် ကျွန်မလည်း အဲဒီနေ့ ညမှာပဲ အနံ့စပျောက် သွားတယ်။ မနက်ရောက်တာနဲ့ ဆေးရုံအုပ်ကြီးကို ပြောပြပြီး ကိုဗစ် စစ်လိုက်တဲ့အခါ  Positive ထွက်ပါတယ်။  အဖြေထွက်ပြီး  ကူးစက် အဆောင်ကို တက်ရောက်ကုသပါတယ်။ ကူးစက်အဆောင်ရောက်ပြီး နှစ်ရက်မြောက်နေ့မှာ စပြီးဖျားတယ်၊ ချောင်းဆိုးတယ်၊ ဝမ်းပျက်တယ်။ သုံးရက်လောက် ခံစားလိုက်ရပါတယ်။  ကျန်တဲ့လက္ခဏာတွေကိုတော့ မခံစားခဲ့ရပါဘူး။ ကိုဗစ်ကာကွယ်ဆေး ထိုးထားတဲ့အတွက် ဆေးရဲ့ အာနိသင်ကြောင့်    ရောဂါပြင်းထန်စွာ   မခံစားရဘဲ    အမြန်ပြန်လည် ကောင်းမွန်လာခဲ့ပါတယ်။ 
ကိုဗစ်စင်တာ တက်ရောက်ကုသတဲ့အထဲမှာ ကိုဗစ်ကာကွယ်ဆေး မထိုးနှံရသေးတဲ့ လူနာတချို့ကတော့ ဆက်တိုက်တွေဖျား၊ ဝမ်းပျက်တဲ့ အတွက်  ဆေးတွေချိတ်ရတယ်။   အောက်ဆီဂျင်ကျလို့    အောက်ဆီဂျင် ပေးရတယ်။ တချို့ဆို မောပြီးတစ်ညလုံး မအိပ်နိုင်ကြဘူး။ ထိုင်ပြီးတော့ အောက်ဆီဂျင်ရှူနေရတဲ့အထိ ဖြစ်ကြတယ်။ ဆရာဝန်ကို အဆက်မပြတ် ခေါ်နေရတယ်။   ကိုဗစ်ကာကွယ်ဆေးကြောင့်  ကိုဗစ်ကူးစက်ခံခဲ့ရရင် ရောဂါကို     ဆိုးဆိုးရွားရွား   မခံစားရဘဲ     ကျော်ဖြတ်နိုင်တာကတော့ ကိုယ်တွေ့ပါပဲ။ 
မမြသီတာကျော် (ဌာနဆိုင်ရာဝန်ထမ်း)
ညီမက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးပါပြီ။ အိပ်ချိန်၊ စားချိန်မှန် ပါတယ်။   ကျန်းမာရေးလည်း   ဂရုစိုက်ပါတယ်။    နောက်ပြီး  ကိုဗစ်နဲ့ ပတ်သက်လို့ ဘယ်လိုလက္ခဏာမှ မပြပါဘူး။ ညီမတို့ရုံးမှာ ဦးစီးအရာရှိ တစ်ဦး   ကိုဗစ်ပိုး  စတွေ့ပါတယ်။  အဲဒီဦးစီးအရာရှိနဲ့   နေ့လယ်ထမင်း စားချိန် တစ်ဝိုင်းတည်းစားတဲ့သူတွေအကုန်လုံးကို ကိုဗစ်စစ်ခိုင်းတော့ ညီမတို့လည်း  သွားစစ်တယ်။  လေးရက် ငါးရက်ခြားပြီး  ပထမအကြိမ်၊ ဒုတိယအကြိမ် နှာခေါင်းတို့ဖတ်  သွားစစ်တော့  ကိုဗစ်ပိုးမတွေ့ဘူး။ တတိယအကြိမ်မှာ အာခေါင်တို့ဖတ် စစ်တော့မှ ကိုဗစ်ပိုးတွေ့ပါတယ်။ ဒါကြောင့်   ကျွန်မတို့     လုပ်ဖော်ကိုင်ဖက်    သုံးယောက်စလုံး   စည်ပင် ဧည့်ရိပ်သာ Quarantine မှာ  ၁၁ ရက် သွားနေရပါတယ်။ အဲဒီရက်ပိုင်း အတွင်းမှာ ညီမတို့သုံးယောက်စလုံး ထူးထူးခြားခြားဖျားတာ၊ ကိုက်တာ၊ ခဲတာ၊  အနံ့ပျောက်တာ  မရှိဘူး။   Quarantine   စင်တာမှာနေတုန်း အဓိကက    ပြင်ပပုဂ္ဂိုလ်တွေနဲ့    ထိတွေ့ဆက်ဆံမှုမရှိအောင်  နေခိုင်း ပါတယ်။ 
ကျွန်မ တွေ့ရသလောက် Quarantine စင်တာကို ဝင်လာတဲ့သူတွေ ထဲမှာ အသက်ကြီးပိုင်းတွေများတယ်။ ထူးထူးခြားခြား ရောဂါခံစားရတာ တွေကို မတွေ့ရဘူး။ Quarantine ဝင်တုန်းက နေ့စဉ်ရေနွေးငွေ့ရှူတယ်၊ ဆားရည်နဲ့ ပလုတ်ကျင်းတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ထမင်း စားတိုင်း တို့စရာအနေနဲ့ စားဖြစ်တယ်။ မနက်တိုင်း လမ်းအနည်းငယ် လျှောက်တယ်၊       နေပူဆာလှုံတယ်။      အဲဒီ     ၁၁  ရက်အတွင်းမှာ အောက်ဆီဂျင်ကျလာသလိုမျိုးတော့ ခံစားရတယ်။ စင်တာမှာနေတုန်း Facebook သုံးတာ၊  Social Media  သုံးတာတွေက  ကိုယ့်အတွက် စိတ်ဖိစီးမှုများစေခဲ့တယ်။   လိုင်းပေါ်မှာ   ဟိုနေရာ၊     ဒီနေရာမှာတော့ ကိုဗစ်ဖြစ်လို့ ဆုံးပြီ၊      ဆေးရုံတင်လိုက်ရပြီးဆိုပြီး      မြင်ရလို့ရှိရင် အောက်ဆီဂျင်ကျပြီး    စိတ်မကောင်းဖြစ်ရတယ်။   အဲဒီနောက်ပိုင်း Facebook ၊  Social Media ကို မသုံးတော့မှ အဆင်ပြေသွားတယ်။ 
Quarantine စင်တာမှာ ၁၁ ရက်နေခဲ့ပြီးနောက် Home Quaran-tine ၁၀ ရက်ကို အဆောင်မှာ ထပ်နေရတယ်။ အဆောင်နေစဉ်မှာလည်း ပြင်ပလူတွေနဲ့ ထိတွေ့မှုမရှိအောင် နေရမယ်၊ ကျန်းမာရေးညွှန်ကြား ချက်တွေနဲ့အညီ    နေရမယ်ဆိုပြီး    ညွှန်ကြားထားပါတယ်။   စုစုပေါင်း ၂၁ ရက် Quarantine နေရပါတယ်။ 
ကျန်းမာရေးကောင်းပြီး ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်စလုံး ထိုးနှံ ထားတဲ့အတွက် ကိုဗစ်ဖြစ်တယ်ဆိုတာကို ကိုယ့်ကိုယ်ကိုယ်မယုံနိုင်ဘူး။ ဘာကြောင့်ဆို ကျွန်မက ဘာလက္ခဏာမှ မပြပါဘူး။ အနံ့ပျောက်တာ၊ ကိုယ်လက်ကိုက်ခဲတာတွေနဲ့ တခြားကိုဗစ်နဲ့ပတ်သက်တဲ့ လက္ခဏာ ဘာမှမပြပါဘူး။   ဒါပေမယ့်  ကိုဗစ်ပိုးတွေ့တဲ့နေ့မှာ   အောက်ဆီဂျင် ကျသလိုတော့ ခံစားခဲ့ရတယ်။ အဲဒါကလည်း ခဏပါပဲ၊ ရေနွေးငွေ့ရှူ လိုက်တော့ ပြန်ကောင်းသွားပါတယ်။ 
ကိုဗစ်ပျောက်ကင်းလို့  အခု တစ်လလောက်အကြာမှာ  ခုရက်ပိုင်း ကိုဗစ်နဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးတွေကို ခံစား နေရတာရှိတယ်။ အခု နှစ်ရက်၊ သုံးရက်လောက်ရှိပြီ အောက်ဆီဂျင် ကျတာ။ အဲဒါနဲ့   အွန်လိုင်းပေါ်နဲ့  ဆရာဝန်တွေ   ညွှန်ကြားထားတဲ့အတိုင်း မှောက်နေတော့  အောက်ဆီဂျင်က   ပြန်တက်လာတယ်။  လှဲနေတာ၊ ပက်လက်အနေအထားနေလို့ရှိရင် အောက်ဆီဂျင်က ကျတယ်။ အဲဒါ ဆေးခန်းသွား      ဆရာဝန်နဲ့တိုင်ပင်     အဆုတ်ကို      ဓာတ်မှန်ရိုက်ပြီး အားဆေးတွေသောက်ဖို့ စီစဉ်ထားပါတယ်။
ကာကွယ်ဆေးကတော့     ထိုးထားသင့်တယ်။     အစတုန်းကဆို ကိုယ့်အနီးအနားမှာ      ဆေးထိုးပေးနေပေမယ့်      မထိုးဖြစ်ကြဘူး။ ခုကျတော့ အသိတရားရပြီး ကာကွယ်ဆေး သွားထိုးနှံကြတဲ့သူတွေကို ပတ်ဝန်းကျင်မှာ တော်တော်များများတွေ့တယ်။ ကျွန်မလည်း နှစ်ကြိမ် စလုံး     ဆေးထိုးနှံထားတဲ့အတွက်     Positive   တွေ့ချိန်မှာ    ဘယ်လို လက္ခဏာမျိုးမှ    ထွေထွေထူးထူးမပြဘူး။  ကိုဗစ်ဖြစ်တယ်ဆိုပေမယ့် ရောဂါလက္ခဏာ မခံစားရဘူးဆိုတော့ ကာကွယ်ဆေးကို အကုန်လုံးထိုးသင့်တယ်။           
ဦးအောင်အောင် (ကျန်းမာရေးဝန်ထမ်း)
ကိုဗစ်ကာကွယ်ဆေးထိုးထားတာ သုံးလလောက်ရှိပြီ။ ကိုဗစ်-၁၉ ကူးစက်တဲ့ လက္ခဏာက နောက်ကျောတွေ တစ်ခုလုံး ညောင်းကိုက်လာ တယ်။ နှစ်ရက်လောက် ကြာတော့ အဖျားငွေ့ငွေ့နဲ့ အနံ့ပျောက်သွား တယ်။ သုံးရက်မြောက်နေ့မှာ အဖျားတက်တော့ လယ်ဝေးခုတင် ၁၀၀ ဆေးရုံကိုသွားပြီး ကိုဗစ်စစ်လိုက်တော့ Positive ဖြစ်နေတယ်။ အဲဒါနဲ့ Quarantine Centre  ကို  သွားရတယ်။  ကျွန်တော်က  ကျန်းမာရေး ဝန်ထမ်းဆိုတော့ ကိုဗစ်တွေ့လည်း သိပ်ပြီးမကြောက်ခဲ့ဘူး။ Quaran-tine Centre မှာလည်း အလိုလိုနေရင် နုံးနေခဲ့တယ်။ ချွေးထွက်များတော့ ဓာတ်ဆားရည်သောက်ခဲ့တယ်။ စီဗစ်ဆေးကိုတော့ တစ်နေ့ သုံးကြိမ် သောက်ခဲ့တယ်။    စင်တာထဲ     လမ်းတွေလျှောက်တယ်၊    တတ်နိုင် သလောက် လေ့ကျင့်ခန်းလုပ်ခဲ့တယ်။ ငြိမ်ငြိမ်နေတာကတော့ မကောင်း ဘူး။ ကျွန်တော်ထင်တာက ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့အတွက် ရောဂါဖြစ်ပွားမှုကို ခံနိုင်တယ်လို့ မြင်ပါတယ်။ 
ကိုဗစ်နဲ့ပတ်သက်လို့ ကာကွယ်ဆေးထိုးထားတာက အကောင်းဆုံး ပါ။ ကိုဗစ်ကာကွယ်ဆေး မထိုးနှံဖြစ်သေးတဲ့သူတွေလို  အောက်ဆီဂျင် ကျပြီး အသက်ဆုံးပါးရတဲ့အထိ   မဖြစ်တော့ဘူးပေါ့။   ကိုယ်တွေ့ကြုံတွေ့ ခဲ့ရတော့     ကာကွယ်ဆေးထိုးထားတာက   ရောဂါကို  ကာကွယ်ပေး နိုင်တယ်ဆိုတာကို      ယုံကြည်ပါတယ်။   ကာကွယ်ဆေးထိုးနှံထား မယ်၊   အောက်ဆီဂျင်မကျခင်    ဆေးရုံကို   အရောက်လာမယ်ဆိုရင်  အသက်ဆုံးရှုံးရတဲ့အထိ    မဖြစ်တော့ဘူးပေါ့။    ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်ဆိုတဲ့ စကားပုံအတိုင်း လူတိုင်းကာကွယ် ဆေးထိုးနှံစေချင်ပါတယ်။  
ဒေါ်ယဉ်ယဉ်ထွေး (ဌာနဆိုင်ရာဝန်ထမ်း)
ကာကွယ်ဆေးက နှစ်ကြိမ် ထိုးနှံပြီးပါပြီ။ ဇူလိုင်လ ၆ ရက်မှာအဝတ် တွေလျှော်တော့ အအေးမိပြီး နှာတွေမွှန်တယ်။ ဇူလိုင် ၇ ရက်နေ့အထိ ရုံးတက်ခဲ့သေးတယ်။ ၈ ရက်နေ့မှာ အနံ့စပျောက်တယ်။ ၁၂ ရက်နေ့မှာ ဆေးဆိုင်ကနေ   Test Kit ဝယ်ပြီး  စစ်လိုက်သေးတယ်။   ဒါပေမယ့် မသေချာတော့  ၁၄ ရက်နေ့မှာ  ပျဉ်းမနားမြို့ ခုတင်  ၂၀၀ ကို  ကိုဗစ် သွားစစ်တော့   Positive တွေ့တယ်။ Positive စတွေ့တော့ ငိုမိတယ်။ ကိုဗစ်ကူးစက်တာ   ဘယ်ကကူးတာမှန်း  တွေးမရဘူး။  အပြင်လည်း မသွားဘူး။    ရုံးနဲ့အိမ်ပဲ    သွားလာနေရာကနေ    ကူးစက်ခံခဲ့ရတာပါ။ ပတ်ဝန်းကျင်နဲ့ ရုံးမှာလည်း ကိုဗစ်ကူးစက်တဲ့သူ မရှိဘူး။ အဲဒီအတော အတွင်းမှာ   ချောင်းလည်းမဆိုးဘူး၊    ကိုယ်လည်းမပူဘူး။    ဖျားလည်း မဖျားဘူး။ ရင်လည်းမကျပ်ဘူး။ ဘာမှမဖြစ်ဘဲ အနံ့ပျောက်သွားပြီး ကူးစက်ခံခဲ့ရတာ။  
ကျွန်မမှာ ကလေးက  နှစ်ယောက်ရှိတယ်။ အမျိုးသားကလည်း အနီးအနားမရှိတော့ စိတ်လှုပ်ရှားတာတော့ရှိတယ်။ ဆေးရုံရောက်သွား တော့  သူ့လို၊  ကိုယ့်လို   လူနာတွေ   တွေ့တယ်။   ကိုဗစ်ရောဂါကြောင့် အသက်ဆုံးရှုံးတဲ့သူတွေလည်း   တွေ့တယ်။  စိတ်မကောင်းဖြစ်လိုက်၊ ကိုယ့်ကိုယ်ကိုယ်   အားပေးလိုက်နဲ့   Quarantine   ၁၁ ရက်နေခဲ့ရတယ်။ အားငယ်စိတ်၊ စိုးရိမ်စိတ်တော့ ရှိတယ်။ Quarantine ဝင်တော့ အခန်း တစ်ခုထဲ  သုံးယောက်နေရတယ်။  ကျွန်မနဲ့ ကျန်တစ်ဦးက ကာကွယ် ဆေးထိုးထားတယ်။ ကာကွယ်ဆေးထိုးထားတဲ့ တစ်ယောက်ဆိုရင် အနံ့တောင် မပျောက်ခဲ့ဘူး။ ကာကွယ်ဆေး မထိုးသေးတဲ့ တစ်ယောက် ကတော့   အသက်ရှူကျပ်တယ်၊   မောတယ်၊   တစ်ညလုံး   မအိပ်ရဘူး၊ ချောင်းတွေဆိုးတာ။ အဲဒီတစ်ယောက်ဆို ဆေးမထိုးထားတော့ တစ်ခုခု ဖြစ်သွားမှာတောင်   စိုးရိမ်ခဲ့တယ်။   သူလည်းပဲ    ပြန်ကောင်းလာတာ တွေ့ရတယ်။
ဆေးနှစ်ကြိမ် ထိုးထားတဲ့အတွက်  ရောဂါကို  ခံနိုင်ရည်ရှိတယ်လို့ ယုံတယ်။    Quarantine   ဝင်နေချိန်မှာ   ၁၁ ရက်လုံး    ဖုန်းထဲကနေ ဘုရားစာတွေဖွင့်ပြီး အိပ်ခဲ့တယ်။ ၁၇ ရက်နေ့မှာ အနံ့ပြန်ရတယ်။ ဇူလိုင် ၂၀ ရက်နေ့ တစ်ရက်ပဲ တစ်ညလုံးအိပ်မပျော်ဘဲ ရင်တွေတုန်၊ အသက်ရှူကျပ်  ခံစားလိုက်ရတယ်။  စိတ်လှုပ်ရှားတာလည်း  ပါမယ်။  ပျဉ်းမနားခုတင် ၂၀၀ ဆေးရုံမှာတော့ အစားအသောက်၊ ဆေးဝါးကအစ အလှူရှင်တွေ   ကျွေးမွေးတာနဲ့   အတော်ကောင်းပါတယ်။  ကျွန်မဆို ငွေလုံးဝ မကုန်ခဲ့ဘူး။     ရောဂါဖြစ်ပြီး ထမင်းသိပ်မစားနိုင်တော့ဘူး။ မဖြစ်ခင်တုန်းကတော့ ထမင်းအစားများတယ်။ ပင်ပင်ပန်းပန်း အလုပ် တွေ  မလုပ်ဖြစ်ဘူး။  အခုအချိန်ထိတော့  ဆင်ဆင်ခြင်ခြင်နေပါတယ်။ 
ဦးမိုးမင်းထွန်း(ကျန်းမာရေးဝန်ထမ်း)
ကိုဗစ်-၁၉  ကူးစက်ခံခဲ့ရတာ တစ်လခွဲလောက်ရှိပါပြီ။  စသိတာက ဖျားတယ်၊     ဖျားပြီး   နှစ်ရက်လောက်နေတော့   အနံ့စပျောက်တယ်။ အဲဒီတော့ ဆေးရုံသွားစစ်တော့ ကိုဗစ်ပိုးတွေ့တယ်။ Positive တွေ့တာ နဲ့ Quarantine Centre ကို တန်းပို့တယ်။ Quarantine Centre မှာ ၁၁ ရက်နေခဲ့ရတယ်။ အဲဒီ ၁၁ ရက်အတွင်း ရောဂါပြင်းပြင်းထန်ထန် မခံစားလိုက်ရဘူး။ ဒါကလည်း ကိုဗစ်ကာကွယ် ဆေးထိုးထားတဲ့အတွက် ကြောင့်လို့ ယုံကြည်တယ်။ စင်တာမှာ ကိုဗစ်ကာကွယ်ဆေး မထိုးနှံဘဲ ရောက်လာတဲ့သူတွေကို တွေ့ခဲ့တယ်။ သူတို့ကို ကြည့်ရတာ အမော ဖောက်တာ  များတယ်၊   ရောဂါခံနိုင်ရည်  သိပ်မရှိဘူး။   ရောဂါကူးစက် တာချင်းအတူတူ ကိုယ့်ထက်ပိုဆိုးတာကို သတိထားမိပါတယ်။ ကိုဗစ် ကာကွယ်ဆေးထိုးထားတာ ခုခံအားပိုကောင်းမယ်၊ ခုခံနိုင်စွမ်းပိုကောင်း မယ်။ ဆေးထိုးထားရင် ကိုဗစ်ကူးစက်ရင်တောင်မှ ရောဂါလက္ခဏာ တွေကို သိပ်မပြဘဲ ခုခံနိုင်တယ်။ 


တွေ့ဆုံမေးမြန်း- ဟန်မင်း                                                           
 ဓာတ်ပုံ- မျိုးထက်