
ပဲခူး စက်တင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပဲခူးမြို့ မြို့တွင်းကြီးရပ်ကွက်ရှိ သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်ကျောင်းတိုက်နှင့် ပဲခူးမြို့ နန်းတော်ရာရပ်ကွက် ဥဿာသီရိစာသင် တိုက်သို့ သွားရောက်၍ စာသင်တိုက်တစ်ခုလျှင် ဆန်အိတ် ၅၀၊ ဆီပိဿာ ၅၀၊ ကုလားပဲ သုံးအိတ်၊ ကြက်ဥအလုံး ၁၀၀၀ နှင့် ဆားငါးအိတ်တို့ကို သွားရောက်လှူဒါန်းသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း ၁၀၈ ကျောင်းအတွက် ကျောင်းတိုက်တစ်ခုလျှင် ဆန် တစ်အိတ်၊ ဆီငါးပိဿာနှင့် ဝတ္ထုငွေကျပ် ငါးသောင်းစီ ကိုလည်းကောင်း၊ သီလရှင်ကျောင်း ၁၁၉ ကျောင်း အတွက် ကျောင်းတိုက်တစ်ခုလျှင် ဆန်တစ်အိတ်နှင့် ဆီငါးပိဿာကိုလည်းကောင်း လှူဒါန်းထားပြီးဖြစ် ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပဲခူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့် ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့မှ ရပ်ကွက်/ကျေးရွာများအတွင်း ဆန်၊ ကြက်သား၊ ငါး၊ ငါးခြောက်၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များ ဈေးကားဖြင့် လှည့်လည်ရောင်းချနေမှုကို လည်း ကောင်း၊ ပဲခူးမြို့ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက် ပဲခူးမြစ်ကမ်းဘေး ပန်းခြံအဆင့်မြှင့်တင်နေမှုကို လည်းကောင်း၊ ပဲခူးမြို့ ပြည်တော်သာလမ်း နိုင်လွန် ကတ္တရာခင်းနေမှု၊ ရေမြောင်းနှင့် လူသွားလမ်း ပလက်ဖောင်းဆောင်ရွက်နေမှုကို လည်းကောင်း၊ မြို့တွင်းလမ်းများ အဆင့်မြှင့်တင်နိုင်ရေးကို လည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်