မွန်ပြည်နယ်အတွက် ဝယ်ယူခဲ့သည့် မီးငြှိမ်းသတ်ယာဉ် ၁၁ စီးအနက် ပထမအသုတ် လေးစီးရောက်ရှိ

 

မော်လမြိုင်   စက်တင်ဘာ  ၄


မွန်ပြည်နယ်ဝန်ကြီးချုပ်   ဦးဇော် လင်းထွန်းသည်      ပြည်နယ် ဝန်ကြီးများ၊ သက်ဆိုင်ရာ တာဝန် ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီက မော်လမြိုင်မြို့ စစ်ကဲကုန်း ရပ်ကွက် မောရဝတီ ပန်းခြံရှေ့၌ မွန်ပြည်နယ်မီးသတ်ဦးစီးဌာနသို့ အသစ်ရောက်ရှိလာသော မီးငြှိမ်း သတ်ယာဉ် လေးစီးအား ကြည့်ရှု စစ်ဆေးသည်၊၊ 


ရှေးဦးစွာ        ပြည်နယ် ဝန်ကြီးချုပ်က  အသစ်ရောက်ရှိ လာသော  မီးငြှိမ်းသတ်ယာဉ်များ ကို အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးပြီး ပြည်နယ်မီးသတ်ဦးစီးမှူး ဦးစိုးဝင်းက မီးငြှိမ်းသတ်ယာဉ်နှင့်  စပ်လျဉ်းသည့်   အချက်အလက် များကို      ရှင်းလင်းတင်ပြရာ  ပြည်နယ်ဝန်ကြီးချုပ်က   ကျန်ရှိ နေသော မီးငြှိမ်းသတ်ယာဉ်များအမြန်ဆုံးရောက်ရှိရေး   လိုအပ် သော    မြို့နယ်များသို့     ခွဲဝေ ဖြည့်တင်းပေးရေး    လမ်းညွှန် မှာကြားပြီး    မီးသတ်တပ်ဖွဲ့ဝင် များ၏   စွမ်းရည်သရုပ်ပြ   မီးငြှိမ်း သတ်မှုများကို  ကြည့်ရှုအားပေး သည်၊၊


မွန်ပြည်နယ်    မီးသတ်ဦးစီး ဌာနမှ   ၂၀၂၀-၂၀၂၁   ဘဏ္ဍာနှစ် ပြည်နယ် ငွေလုံး၊ ငွေရင်းရန်ပုံငွေ  ဖြင့်  မီးငြှိမ်းသတ်ယာဉ်   ၁၁ စီး ဝယ်ယူခဲ့ရာ        ပထမအသုတ် လေးစီး    ရောက်ရှိပြီး ဒုတိယ အသုတ် ခုနစ်စီး ထပ်မံရောက်ရှိ မည်ဖြစ်ကြောင်း၊   မီးငြှိမ်းသတ် ယာဉ်တစ်စီး    တန်ဖိုးငွေကျပ်   သိန်း ၆၅၀ ဖြစ်ပြီး SINO Truck  HOWO ယာဉ်အမျိုးအစားဖြစ်ကာ  မြင်းကောင်ရေ   ၁၆၀  အားကို ရေနှင့် အမြှုပ်ဆေးရည်  တွဲဖက် အသုံးပြုနိုင်သည်၊၊ 


ဆက်လက်၍    ပြည်နယ် ဝန်ကြီးချုပ်နှင့်      အဖွဲ့သည်  မော်လမြိုင်မြို့    ရွှေနတ်တောင်  ရေသန့်စင်      စက်ရုံဝင်းအတွင်း   မွန်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေ ဖြင့်    တည်ဆောက်ထားသည့်      တန် ၂၀ ဆံ့ အောက်ဆီဂျင်(အရည်) စက်ရုံမှ လီတာ ၄၀ အိုးများသို့ အောက်ဆီဂျင်   ဖြည့်တင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး   ကိုဗစ်-၁၉ ရောဂါ          အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းအတွက် အောက်ဆီဂျင် များ လုံလောက်စွာ ထုတ်လုပ်နိုင် ရေး   လိုအပ်သည်များ   ပေါင်းစပ် ညှိနှိုင်းပေးသည်၊၊ 


အဆိုပါ တန် ၂၀ ဆံ့ အောက် ဆီဂျင်(အရည်) စက်ရုံမှ ၁ နာရီ လျှင် အောက်ဆီဂျင် လီတာ ၄၀ အိုး အလုံး ၅၀ ထုတ်လုပ်ပေးနိုင်မည့် အပြင်   မော်လမြိုင် အထွေထွေ ရောဂါကုဆေးရုံကြီး၊    မြို့နယ် ပြည်သူ့ဆေးရုံများနှင့်   ပုဂ္ဂလိကအောက်ဆီဂျင်စက်ရုံများမှလည်းလိုအပ်သည့်   အောက်ဆီဂျင်များ လုံလောက်စွာ   ထုတ်လုပ်ပေး လျက်ရှိကြောင်း သိရသည်၊၊


ခရိုင်(ပြန်/ဆက်)