ဗန်းမောက်မြို့နယ်အတွင်း ကျေးရွာချင်းဆက်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်

ဗန်းမောက် စက်တင်ဘာ ၃  
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် ဗန်းမောက်- ပန်းတော - မံထုံလမ်း၊ ပန်းတောရွာမှ မံထုံရွာကြား ၁ မိုင် ၄ ဖာလုံ ကျောက်ခင်းခြင်းလုပ်ငန်း  ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း နယ်စပ် ရေးရာဝန်ကြီးဌာန ဗန်းမောက်မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရ သည်။
ဒေသခံ ပြည်သူများ၏  တင်ပြချက်အရ    နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ်  ၁၉၂ ဒသမ ၇၄၇ သန်းဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။                                                                သတင်းစဉ်