
ရွာငံ စက်တင်ဘာ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံ မြို့နယ်တွင် အောက်ဆီဂျင် လီတာ ၄၀ အိုး အလုံး ၅၀ လွှဲပြောင်းပေးအပ်ခြင်း၊ ကော်ဖီ စိုက်တောင်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ပိုင်းက ရွာငံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဓနုကိုယ် ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အောက်ဆီဂျင် အိုးများနှင့် ဆက်စပ်ပစ္စည်းများ လွှဲပြောင်း ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လွှဲပြောင်းပေး အပ်သည့် ရွာငံမြို့နယ်အတွက် အောက်ဆီဂျင် လီတာ ၄၀ အိုး အလုံး ၅၀နှင့် ထောက်ပံ့ငွေကျပ် သိန်း ၂၀ကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဦးက လည်းကောင်း၊ မြို့ကြီး တိုက်နယ် ဆေးရုံသို့ အောက်ဆီဂျင် လီတာ ၄၀ အိုး သုံးလုံးနှင့် ရောဂါ ကာကွယ်ရေးဝတ်စုံ ၂၅စုံကို မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအေး သန္တာနိုင်က လည်းကောင်း၊ Myanmar Resscue အဖွဲ့အတွက် အောက်ဆီဂျင် ၁၅ လီတာ နှစ်အိုး နှင့် ရောဂါကာကွယ်ရေး ဝတ်စုံ ၂၅ စုံတို့ကို Myanmar Resscue အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူက လည်း ကောင်း အသီးသီးလက်ခံရယူကြ သည်။
ဆက်လက်၍ ကော်ဖီစိုက် တောင်သူများနှင့် တွေ့ဆုံ၍ ကော်ဖီမျိုးကောင်း မျိုးသန့်များထိန်းသိမ်းထားရှိရေး၊ ကုန်ကြမ်း၊ ကုန်ချော ဆောင်ရွက်ခြင်းဆိုင်ရာ များကို တက်ရောက်လာကြသော ကော်ဖီစိုက် တောင်သူများနှင့် ရှင်းလင်းဆွေးနွေးရာ ရွာငံ မြို့နယ် ကော်ဖီအစုအဖွဲ့ဥက္ကဋ္ဌ ဦးမောင်နုက ကော်ဖီများ သန့်စင် ခြင်း၊ ကြိတ်ခွဲခြင်း၊ ဈေးကွက်နှင့် မူပိုင်ထားရှိရေး ဆိုင်ရာများကို ပြန်လည်တင်ပြ ဆွေးနွေးသည်။
ယင်းနောက် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ သည် ရွာငံမြို့ ရွှေပန်းရုံဘုန်းကြီး ကျောင်းဓမ္မာရုံအတွက် နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုး များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှလှူဒါန်းသော အလှူ ငွေကျပ် ၉၁ သိန်းကို သွားရောက် လှူဒါန်းရာ ဓမ္မာရုံ ဆောက်လုပ် ရေး ကော်မတီဝင် တစ်ဦးက လက်ခံရယူသည်။
ထိုမှ ဆက်လက်၍ ရွာငံမြို့ ဗထူးခန်းမ၊ မြိုင်နှင့် မြင်းကျဒိုး အ-ထ-ကကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု များကို လှည့်လည်ကြည့်ရှု အားပေးပြီး စားသောက် ဖွယ်ရာများပေးအပ်ကြောင်း သိရ သည်။ မြို့နယ်(ပြန်/ဆက်)