ဒေသခံတောင်သူများထံမှ သီးနှံများ ဒေသပေါက်ဈေးအတိုင်း ဝယ်ယူအားပေး

နေပြည်တော်   စက်တင်ဘာ    ၃
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု များဖြစ်ပေါ်ခဲ့ပြီး   ဈေးကွက်အတွင်းရောင်းချရန်  အခက်အခဲဖြစ်ပေါ် လျက်ရှိသည့်   ဒေသခံတိုင်းရင်းသားပြည်သူများ၏  စိုက်ခင်းများမှ သီးနှံများကို နယ်မြေခံတပ်မတော်သားများက ဒေသပေါက်ဈေးအတိုင်း ဝယ်ယူပေးလျက်ရှိသည်။
ထိုသို့ ဝယ်ယူပေးလျက်ရှိရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်  ဖက်တောကျေးရွာရှိ  ဒေသခံတောင်သူများထံမှ ကြက်သွန်နီ   ပိဿာ  ၁၀၀၀၀  ကို  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက ဒေသပေါက်ဈေးအတိုင်း သွားရောက် ဝယ်ယူအားပေးကြောင်း သတင်းရရှိသည်။
သတင်းစဉ်