ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများထားရှိရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်၊ ပြီးစီးသည့်စင်တာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ

နေပြည်တော် စက်တင်ဘာ  ၃
ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများနှင့်   သီးသန့်စောင့် ကြည့်ရမည့်သူများ   ထားရှိရန် အတွက်    တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော် ဆေးရုံများ၊   နယ်မြေခံသင်တန်း ကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ ကြိုတင် ပြင်ဆင်မှုများကို   လုပ်ဆောင် လျက်ရှိပြီး      ပြီးစီးသည့်နေရာ များတွင်      စနစ်တကျလက်ခံ၍ ကျန်းမာရေး    စောင့်ရှောက်မှု လုပ်ငန်းများ     ဆောင်ရွက်ပေး လျက်ရှိသည်။ ထို့ပြင် ကျန်းမာရေး ဝန်ကြီးဌာနနှင့်    အခြားဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတ အဖွဲ့အစည်းများ၊      တာဝန်သိ ပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ      မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။ 
ယင်းသို့ ပြင်ဆင်ဆောင်ရွက် ပေးနေမှုများနှင့်   ကျန်းမာရေး စောင့်ရှောက်မှု      လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ယနေ့ တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ    တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များမှ  တိုင်းမှူးများနှင့်  တာဝန် ရှိသူများက သွားရောက်ကြည့်ရှု၍ ကိုဗစ်-၁၉   ရောဂါ  အထောက် အကူပြုပစ္စည်းများ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အလှူ ငွေများပေးအပ်ကာ လိုအပ်သည် များ     ညှိနှိုင်းဆောင်ရွက်ပေး သည်။  
ထိုသို့      ပြင်ဆင်လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ ည  ၇  နာရီအထိ နေပြည်တော် စစ်ကြောရေးနှင့်   တည်းခိုရေး စခန်း၌   သီးသန့်စောင့်ကြည့် ရမည့်သူ အမျိုးသား ၁၆၄ ဦးနှင့် အမျိုးသမီး ၁၂၄ ဦး စုစုပေါင်း ၂၈၈ ဦးကိုလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြို့နယ် စစ်ကြော ရေးနှင့်    တည်းခိုရေးစခန်း၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အမျိုးသား ၃၃ ဦးနှင့် အမျိုးသမီး ၁၆   ဦး  စုစုပေါင်း   ၄၉  ဦးကို လည်းကောင်း၊   ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာအမျိုးသား ၁၉ ဦး ၊ အမျိုးသမီး ကိုးဦး စုစုပေါင်း ၂၈ ဦးကိုလည်းကောင်း   အသီးသီး လက်ခံထားရှိကြောင်း     သိရှိရ သည်။
အဆိုပါ    စောင့်ကြည့်လူနာ များနှင့် ဓာတ်ခွဲအတည်ပြု ပိုးတွေ့ လူနာများ၏ နေထိုင်စားသောက် ရေးနှင့် ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံ ဆေးကုသရေး      အဖွဲ့များနှင့် တာဝန်ရှိသူများက   ကူညီဆောင် ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။             
       သတင်းစဉ်