WHO က အရေးပေါ်အသုံးပြုခွင့်ပေးထားတဲ့ ကာကွယ်ဆေးတွေ ထိုးမယ်ဆိုရင် ပြင်းထန်စွာ ဝေဒနာခံစားရမှု၊ သေဆုံးမှုတွေက ၉၀ ရာခိုင်နှုန်းအထက် ကာကွယ်

 

ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်
 

ထက်လျှံ

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာ ၁ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာအစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
 

(ယမန်နေ့မှအဆက်)
အစီအစဉ်မှူး    ။    ။    ကာကွယ်ဆေးထိုးနှံပြီးသူရဲ့ 
            ကိုယ်ခံအားနဲ့   ကိုဗစ်-၁၉ ရောဂါ ဖြစ်ပြီးသူရဲ့ ကိုယ်ခံအား ကွာခြားချက်တွေ ဘယ်လောက်အထိရှိမလဲဆိုတာ ပြောကြားပေး ပါဦး။
ဒေါက်တာခင်ခင်ကြီး    ။    ။    ရောဂါပိုးကူးစက် 
            ခံရပြီး ဝင်ရောက် လာတဲ့ ကိုယ်ခံအားကို   Natural   Immunity သဘာဝအလျောက်ခန္ဓာကိုယ်က ဖန်တီးပေးထား တဲ့ ကိုယ်ခံအားဖြစ်ပါတယ်။ လူတိုင်းရဲ့ ခန္ဓာကိုယ် ထဲမှာ ကိုယ်ခံအား  ထုတ်လုပ်နိုင်စွမ်းရှိပါတယ်။ အနည်းအများ ကွာပါတယ်။ ဥပမာ အသက်ကြီးတဲ့ သူတွေမှာ ကိုယ်ခံအားစနစ်က   အားနည်းသွား တယ်။ နောက်ခံရောဂါရှိနေတဲ့သူတွေ၊ ကိုယ်ခံအား ကျဆင်းတဲ့   ရောဂါဝေဒနာခံစားနေရတဲ့သူတွေ၊ ရောဂါကြောင့် ကိုယ်ခံအားကျဆင်းတဲ့ ဆေးတွေ သောက်နေရသူတွေ၊ အသည်းအစားထိုး ကုထားသူ တွေ၊ ကျောက်ကပ်လဲလှယ်ထားသူတွေမှာ လဲထား တဲ့အင်္ဂါအစိတ်အပိုင်းကို ခန္ဓာကိုယ်က တိုက်ထုတ် မှာစိုးတဲ့အတွက်   ခန္ဓာကိုယ်က   ကိုယ်ခံအားကို နှိမ့်ထားရတာရှိပါတယ်။
 ဒီလိုအခါမှာ သူ့ရဲ့ခန္ဓာကိုယ်က ကိုယ်ခံအားက သာမန်ထက်စာရင် နည်းပါတယ်။ သဘာဝအတိုင်း ရတဲ့ ကိုယ်ခံအားက တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။  အသက်အရွယ်အပေါ်   မူတည်ပြီး ကွဲပြားပါတယ်။ နောက်ခံရောဂါအပေါ် မူတည်ပြီး ကွဲပြားပါတယ်။ အလွန်ခန့်မှန်းရခက်ပါတယ်။ 
ဒါကြောင့် သဘာဝအတိုင်းရတဲ့ ကိုယ်ခံအားနဲ့ ကာကွယ်ဆေးထိုးလို့ရတဲ့  ကိုယ်ခံအား  အဓိက ခြားနားချက်ကို စိတ်ဝင်စားဖို့ကောင်းလို့ သုတေ သနတွေလုပ်နေပြီး တွေ့ရှိချက်တွေအရ ရောဂါပိုး ကူးစက်ခံရရင် သဘာဝကြောင့်ရတဲ့ ကိုယ်ခံအားနဲ့ ကာကွယ်ဆေးပေးလိုက်တဲ့အခါရတဲ့ ကိုယ်ခံအား နှစ်ခုက မတူညီတဲ့ပုံသဏ္ဌာန်ဖြစ်ပြီး ကာကွယ်မှု ပိုရတယ်လို့ ပြောပါတယ်။
နောက်ထပ်ပြောတာက ကာကွယ်ဆေးမတူညီ တာ နှစ်ခုပေးရင် ကိုယ်ခံအားပိုတက်တယ်ဆိုတဲ့ သုတေသနတွေ့ရှိချက်တွေ ရှိပါတယ်။ ဒါပေမယ့် သုတေသနတွေ ဆက်ပြီးလုပ်ဆောင်ဖို့ လိုအပ်နေ ပါသေးတယ်။ အသေအချာပြောနိုင်တာက WHO က အရေးပေါ်  အသုံးပြုခွင့်ပေးထားတဲ့  ကာကွယ် ဆေးတွေထိုးမယ်ဆိုရင် ပြင်းထန်စွာဝေဒနာခံစား ရမှု၊ သေဆုံးမှုတွေက   ၉၀   ရာခိုင်နှုန်းအထက် ကာကွယ်တယ်ဆိုတာ ဖြစ်ပါတယ်။ 
အချို့တွေက   ကာကွယ်ဆေးထိုးပြီးလည်း သေကြတာပဲ ပြောပါတယ်။ ဖြစ်နိုင်ပါတယ်။ ကိုဗစ်- ၁၉ မပေါ်ခင်က  သွေးတိုး၊ ဆီးချို၊  နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ နာတာရှည်ရောဂါအမျိုးမျိုး၊ ကင်ဆာ စသဖြင့် ရောဂါတွေနဲ့  လူတွေသေဆုံး နေကြတာ  ဖြစ်ပါတယ်။ ကိုယ်ခံအားက   နဂို ကတည်းက  နည်းနေတဲ့သူဆိုရင်   ကိုဗစ်-၁၉ ကာကွယ်ဆေး   နှစ်ကြိမ်အပြည့်   ထိုးသော်လည်း သေခြင်းတရားကို မတားဆီးနိုင်ပါဘူး။ အခြား ရောဂါ တွေ ဘယ်လောက်ဆိုးရွား၊ ပြင်းထန်တယ်စတဲ့ အခြေအနေကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ သေချာတာက  ဆေးထိုးတယ်ဆိုရင်  အတော်ကို စိတ်ချနေရပြီဆိုတဲ့ အဆင့်မှာ ရှိပါတယ်။ 
ကိုဗစ်-၁၉  ဝင်ရောက်လို့ရတဲ့   ကိုယ်ခံအားနဲ့ ကာကွယ်ဆေးထိုးလို့ရတဲ့ ကိုယ်ခံအားကို နှိုင်းယှဉ် မယ်ဆိုရင် ကာကွယ်ဆေးထိုးလို့ရတဲ့ ကိုယ်ခံအားက ပိုသာပါတယ်။ သုတေသနတွေ အဆင့်ဆင့်ပြုလုပ် ထားတယ်။ အကောင်းဆုံး ကာကွယ်နိုင်စွမ်းရနိုင်တဲ့ အခြေအနေကို ဖန်တီးထားတဲ့အတွက် ကာကွယ်ဆေး ထိုးထားရင် ကိုဗစ် - ၁၉ ကြောင့် ပြင်းထန်စွာခံစား ရမှုတွေ၊ သေဆုံးမှုတွေက ကာကွယ်ပါတယ်။ ဒါပေ မယ့် ၁၀၀ ရာခိုင်နှုန်း မကာကွယ်ပါဘူး။ ကိုဗစ်-၁၉ ကာကွယ်ဆေးက မသေဆေး မဟုတ်ပါဘူး။ 
ကိုဗစ် - ၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပေ မယ့် သူ့မှာ အသက်အန္တရာယ်ရှိတဲ့ရောဂါတွေ ခံစား နေရတယ်။ အသက်ကလည်း ကြီးတယ်။  ရောဂါ ပြင်းထန်စွာခံစားရမှု အတိမ်အနက်အပေါ် မူတည် ပါတယ်။  ကာကွယ်ဆေးထိုးတာကို   မလိုသူတွေ၊ နှောင့်ယှက်လိုသူတွေက   ကာကွယ်ဆေးထိုးလည်း သေတာပဲဆိုပြီး သတင်းအမှားတွေ ထုတ်လွှင့်တာကို မယုံကြည်ဖို့အတွက် ကျွန်မအနေနဲ့ ပြောလိုပါတယ်။ 
နောက် ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးထားရင် အပြည့်အဝ မကာကွယ်နိုင်ပါဘူး။ လိုက်နာရမယ့် စည်းကမ်းတွေဖြစ်တဲ့ Mask တပ်တာ၊ လက်ဆေးတာ၊ လူအုပ်စု ရှောင်တာ၊ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေတာ၊ ချောင်းဆိုးနှာချေရင် အုပ်ဆိုးတာ မျိုးတွေ၊ လေကောင်းလေသန့် ရအောင် ပြတင်းပေါက် တွေ ဖွင့်ထားတာမျိုးတွေကို  ဆောင်ရွက်ဖို့  လိုပါ တယ်။ 
ယခုအချိန်အထိ ကမ္ဘာကြီးမှာ ကိုဗစ်-၁၉ ဖြစ်ပွား ကူးစက်မှုတွေ  ဆက်ပြီးရှိနေတုန်း  ဖြစ်ပါတယ်။ ပန်းဝင်တဲ့အချိန်၊ ရပ်လို့ရတဲ့အချိန် မဟုတ်သေးပါဘူး။ ဒါကြောင့် ကာကွယ်ဆေးထိုးထားပြီးရင်တောင် ကိုဗစ်- ၁၉  ကာကွယ်ရေးစည်းကမ်းတွေကို  ဆက်လက် လိုက်နာဖို့ လိုအပ်တယ်လို့ WHO က ပြောထားပါ တယ်။ မိမိက ကာကွယ်ဆေးထိုးထားသည်ဖြစ်စေ၊ မထိုးရသေးသည်ဖြစ်စေ၊ အကြိမ်ပြည့်  ထိုးထား သည်ဖြစ်စေ၊ တစ်ကြိမ်ပဲ ထိုးထားသည်ဖြစ်စေ ကိုဗစ်-၁၉ စည်းကမ်းတွေကို ဆက်လက်  လိုက်နာ ဖို့လိုတယ်ဆိုတာကို အသိပေးချင်ပါတယ်။ 
အစီအစဉ်မှူး    ။    ။    ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီး 
            ရင် Booster ထိုးဖို့  လိုအပ်ပါ သလား။ အချို့နိုင်ငံတွေမှာ ဆောင်ရွက်နေတာတွေ ရှိတဲ့အတွက် ဒါနဲ့ပတ်သက်ပြီး ပြောကြားပေးပါဦး။
ဒေါက်တာခင်ခင်ကြီး    ။    ။    ဒါနဲ့  ပတ်သက်ရင် 
            WHO က ဩဂုတ် လ ၁၀ ရက်မှာ ထုတ်ပြန်ထားတာ ရှိပါတယ်။ တချို့ နိုင်ငံတွေက ကာကွယ်ဆေးတွေကို ဩဂုတ်လ ၂၀ ရက်မှာ စထိုးတယ်။ အချို့နိုင်ငံတွေက ထိုးနှံပြီးပြီ။ တစ်ကမ္ဘာလုံးက လိုက်နာရမယ့် စည်းကမ်းဆိုပြီး WHO က ထုတ်ပါတယ်။ Booster  Dose   လိုအပ် သလား၊ မလိုအပ်ဘူးလား ဆိုတာနဲ့ပတ်သက်ရင် WHO မှာ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး အကြံပေး တဲ့အဖွဲ့ ရှိပါတယ်။ 
တစ်ကမ္ဘာလုံးက ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ ကျွမ်းကျင်ပညာရှင်တွေ ပါဝင်ပါတယ်။ ဒီပညာရှင် တွေက နိုင်ငံကို ကိုယ်စားမပြုပါဘူး။ ဘက်မလိုက် တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။  Strategic  Advisory Group of Expert လို့  ခေါ်ပါတယ်။ ဒီအဖွဲ့က ကိုဗစ်နဲ့ ပတ်သက်ရင် Booster Dose လို/ မလို ထုတ်ပြန်ချက်ကို  အကျဉ်းပြောမယ်ဆိုရင်  Booster  လို/မလို ဘယ်လိုအချက်တွေကို စဉ်းစားရမလဲ ဆိုရင် ရောဂါပိုးဝင်ရောက်တာ ဖြစ်ဖြစ်၊ ကာကွယ် ဆေးထိုးလို့ဖြစ်ဖြစ် ကာကွယ်နိုင်တဲ့ပမာဏတွေ လျော့ကျသွားသလား   ဒီအပေါ်မှာ   မူတည်ပါ တယ်။ 
နောက်တစ်ခုက Variant of Concern - VOC ဆိုတဲ့ ပြင်းထန်မျိုးရိုးဗီဇပြောင်းပိုး လေးခု ရှိပါတယ်။ ဖြစ်ပွားတဲ့ဒေသ၊ နိုင်ငံမှာ Variant of Concern-VOC ဘယ်လောက်အထိ  ပျံ့နှံ့မှုတွေ ရှိနေသလဲ။ သူကလည်း   ကာကွယ်ဆေးရဲ့   ကာကွယ်နိုင်မှု ကို အတိုင်းအတာတစ်ခုအထိ  လျော့ကျစေတာမို့ ဒါကိုလည်း စဉ်းစားရမှာဖြစ်ပါတယ်။  ဒါ့အပြင် ကာကွယ်ဆေးထိုးရာမှာ    ထိုးနှံရမယ့်အတိုင်း  အန္တရာယ်ရှိနိုင်တဲ့ လူအုပ်စုတွေမှာ ကာကွယ်ဆေး အကြိမ်ပြည့် သေသေချာချာ  သတ်မှတ်ထားတဲ့ အတိုင်း ထိုးနှံရဲ့လား။ ဒီအပေါ်လည်း မူတည်ပါ တယ်။ 
အချုပ်ပြောရရင် Booster Dose ဆိုတဲ့ ထပ်တိုး ကာကွယ်ဆေး လို/မလို ဆိုတာသည် ကာကွယ် ဆေးအပေါ် မူတည်ပါတယ်။ လက်ရှိ အဲဒီနိုင်ငံမှာ ကူးစက်ရောဂါဖြစ်ပွားနေတဲ့ အခြေအနေအပေါ် လည်း မူတည်ပါတယ်။ ဘယ်လိုလူတွေကို ထိုးပေး မှာလဲဆိုရင်  အန္တရာယ်ရှိနိုင်တဲ့  လူအုပ်စုအပေါ် လည်း မူတည်ပါတယ်။ နောက်ပြီး ဒီဒေသ၊ ဒီနိုင်ငံ မှာ ကာကွယ်ဆေးတွေက ဘယ်လောက်လွှမ်းခြုံ နိုင်ပြီလဲဆိုတဲ့ ဒီအချက် ၄ ချက်အပေါ်မူတည်ပြီး စဉ်းစားရမှာဖြစ်ပါတယ်လို့ ပြောပါတယ်။ 


ဒါဆို ကာကွယ်ဆေးထိုးပြီးရင်၊ ရောဂါကူးစက် ပြီးရင် ကိုယ်ခံစွမ်းအားတွေက ကျဆင်းသွားပြီလား ဆိုတာနဲ့ပတ်သက်ရင် သူက ပြောထားပါတယ်။ ကိုယ်ခံစွမ်းအားတွေက အနည်းဆုံး ၆ လ ရှိပါ တယ်။ ဒီနောက်ပိုင်းမှာ အနည်းငယ်ကျဆင်းသွား နိုင်ပါတယ်။ ၆ လ ကာကွယ်နိုင်တဲ့ အာနိသင်ရှိ တယ်၊ နောက်ပိုင်းဆိုရင် ‘B Cell’ , ‘T Cell’ တွေ ရှိပါတယ်။ ဒါကို Cellular Immunity လို့ခေါ်တယ်။ ၆ လလောက်မှာ ကိုယ်ခံစွမ်းအားတွေလျော့တယ် ဆိုတာက Antibody ကို ဆိုလိုတာ ဖြစ်ပါတယ်။ သို့သော် Cellular Immunity တွေက  ဆက်ရှိနေဦး မှာဖြစ်တဲ့အတွက် ကိုယ်ခံစွမ်းအားတွေက ဆက်ရှိ နေဦးမှာ ဖြစ်ပါတယ်။ 
ကာကွယ်ဆေးရဲ့ ထိရောက်မှုက တဖြည်းဖြည်း လျော့လာနိုင်ပါတယ်။ VOC လို့ခေါ်တဲ့ မျိုးဗီဇကွဲ တွေကြောင့် လျော့လာနိုင်ပါတယ်။ အစ္စရေးနိုင်ငံ မှာပြုလုပ်တဲ့ သုတေသနအရ ကိုယ်ခံအားကျဆင်း နေသူတွေမှာ ကာကွယ်ဆေးထိုးထားလျက်နဲ့ ပြန် ဖြစ်တဲ့ Breakthrough Infection က ၄၀ ရာခိုင် နှုန်းလောက်  တွေ့နေရတယ်လို့  ပြောပါတယ်။ ကိုယ်ခံစွမ်းအားကျဆင်းအောင် ဆေးတွေသောက် နေရသူတွေမှာ ကာကွယ်ဆေးထိုးပြီး ပြန်ဖြစ်နိုင် ခြေရှိတယ်။ ဒါတွေကို ထည့်သွင်းစဉ်းစားရမှာ ဖြစ် ပါတယ်။ 
နောက်တစ်ခုက ကာကွယ်ဆေးတွေ   အလုံ အလောက်ရရှိမှုအပေါ် ထည့်သွင်းစဉ်းစားရမှာ ဖြစ် ပါတယ်။ နိုင်ငံတစ်နိုင်ငံက ကာကွယ်ဆေးအပြည့် အဝထိုးနှံနိုင်ပေမယ့် ကျန်တဲ့နိုင်ငံတွေက မထိုးနှံ ဘူးဆိုရင် သူ့နိုင်ငံအတွက် မလုံခြုံပါဘူး။ ကာကွယ် ဆေးတွေရဲ့ ၇၅ ရာခိုင်နှုန်းဟာ နိုင်ငံ ၁၀ နိုင်ငံ လောက်က ဝယ်ယူထားတာဖြစ်ပါတယ်။ ကာကွယ် ဆေးတွေရရှိမှုမညီမျှဘူးဆိုရင် ထိုးထားတဲ့နိုင်ငံ တွေက ကာကွယ်နိုင်ပြီလို့ မယူဆပါနဲ့။ အကုန်လုံး မကာကွယ်နိုင်သရွေ့ ဘယ်သူမှ မကာကွယ်နိုင် ပါဘူး။ ကာကွယ်ဆေးတွေ တန်းတူညီတူ ရရှိဖို့က လည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။  မိမိ နိုင်ငံတစ်ခုတည်း ကာကွယ်ရုံနဲ့ စိတ်မချရနိုင်ပါဘူး။ အခြားနိုင်ငံက ရောဂါဖြစ်ပွားမှုကို မထိန်းချုပ်နိုင် ဘူးဆိုရင် မိမိနိုင်ငံကလည်း အချိန်မရွေး ပြန်လည် ရောဂါကူးစက်ပြီး ဒုက္ခပေးနိုင်တယ်ဆိုတာ ပြောပါ တယ်။                         
Booster Dose လို/မလို ဆိုတာကို သုတေသန တွေနဲ့  ဆက်ပြီးရှာဖွေနေဆဲ  ဖြစ်ပါတယ်။ ရှာဖွေ နေဆဲအချိန်မှာ  Booster Dose နဲ့ ပတ်သက်ပြီး သူတို့အနေနဲ့ မတိုက်တွန်းပါဘူးလို့ ပြောပါတယ်။ ရှေ့မှာပြောခဲ့တဲ့ အချက်တွေအပေါ်  မူတည်ပြီး  မိမိနိုင်ငံနဲ့  လိုက်လျောညီထွေဖြစ်အောင်  စဉ်းစား ရမှာဖြစ်ပါတယ်။  အဓိက  ကာကွယ်ဆေး   ညီတူ မျှတူအားလုံးထိုးနှံနိုင်မှသာ   ရောဂါပြင်းထန်မှု၊ သေဆုံးမှုတွေက ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ခံရောဂါရှိသူတွေ၊ အသက်အရွယ် ကြီးသူတွေ၊ အန္တရာယ်ရှိတဲ့လူအုပ်စုတွေ၊ ထိုးတဲ့ ကာကွယ်ဆေးအမျိုးအစား၊ ကာကွယ်ဆေးကစပြီး ထိုးတဲ့အချိန်၊ အချိန်ကာလကြာမြင့်မှု၊   ဒီဒေသမှာ ဖြစ်နေတဲ့ မျိုးဗီဇတွေ ဒါတွေကို အကုန်ထည့်သွင်း ပြီးစဉ်းစားရမှာဖြစ်ပါတယ်။ 
ကာကွယ်ဆေးရဲ့ထိရောက်မှု၊   ဘယ်လောက် အထိ  ကာကွယ်ပေးနိုင်သလဲ  ဒါတွေကိုဆက်ပြီး သုတေသနတွေ   လုပ်သင့်ပါတယ်။  ရောဂါပိုး ဝင်ရောက်လို့ရတဲ့   ကိုယ်ခံအားတွေ၊   ကာကွယ် ဆေးကြောင့်ရတဲ့  ကိုယ်ခံအားတွေမှာ  သာမန် Antibody လောက်ပဲ ထည့်စဉ်းစားလို့ မရပါဘူး။ Cellular Immunity ဆိုတာလည်း လိုပါတယ်။ ဒါကို Neutralizing Antibodies လို့ခေါ်ပါတယ်။ ရောဂါပိုးဝင်ရောက်လာပြီဆိုရင် ဒီရောဂါကို အသေ အကျေတိုက်ထုတ်မယ့်   လက်မရွံ့တပ်သားတွေ၊ အပြီးအပိုင် Block လုပ်မယ့်သူတွေ  သူတို့ရဲ့အစွမ်း ကို လျှော့တွက်လို့မရပါဘူး။ ထည့်ပြီးစဉ်းစားရမှာ ဖြစ်ပါတယ်။ 
ဒါကြောင့် Booster  Dose   လိုအပ်ခြင်း/ မလိုအပ်ခြင်းက သက်သေအထောက်အထားတွေ သုတေသနပြုချက်တွေအပေါ်မူတည်ပြီး စဉ်းစား ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ တချို့တကယ့်ကို Booster Dose လိုတဲ့သူတွေကို ထိုးသင့်/ မထိုးသင့် ဆိုတာ  သုတေသနတွေ   ဆက်လက်လုပ်ဆောင် နေပါတယ်။ WHO အနေနဲ့ လက်ရှိအခြေအနေကို စောင့်ကြည့်နေပါတယ်။ WHO က Booster Dose နဲ့ ပတ်သက်ပြီး တိုက်တွန်းထားတာ၊ ညွှန်ပြထားတာ မရှိသေးပါဘူး။ 
အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ် ရေးဗဟိုဌာန (CDC) က ကိုဗစ်-၁၉ ကာကွယ်ဆေး နဲ့ ပတ်သက်ပြီး Booster Dose လို/မလို ဆိုတာကို ဩဂုတ်လ ၂၀ ရက်မှာ နောက်ဆုံး Update ပြုပြင် ထားတာရှိပါတယ်။ သူက ပိုပြီးတိတိကျကျ ပြော ထားပါတယ်။ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးပြီး ၈ လနောက်ပိုင်းမှာ  ထိုးပေးပါမယ်လို့   ပြောထား ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကာကွယ်ဆေးရဲ့ အာနိသင်သည် အနည်းဆုံး ၆ လရှိပါတယ်။ တချို့ သုတေသနအတော်များများမှာ ၈ လ၊ အချို့သုတေ သနတွေမှာ တစ်နှစ်ကျော်၊ ဒီထက်ပိုပြီး ခံနိုင်တယ်လို့ ပြောထားတာရှိပါတယ်။ ဒါက mRNA ကာကွယ်ဆေး တွေဖြစ်တဲ့ Pfizer, Moderna တို့ အမေရိကန်နိုင်ငံ က အတည်ပြုလက်ခံထားတဲ့   ကာကွယ်ဆေးတွေကို ၈ လကြာရင် ထိုးပေးဖို့ အမေရိကန်နိုင်ငံ FDA က ခွင့်ပြုလိုက်ပါတယ်။ 
ဒုတိယအကြိမ်ထိုးပြီး  ၈  လပြည့်သူတိုင်းကို ထိုးပေးမှာလားဆိုတော့ မဟုတ်ပါဘူး။ အရင်ဆုံး ကိုဗစ် - ၁၉ ကာကွယ်ဆေး အရင်ဆုံးစထိုးတဲ့သူတွေကို ထိုးမှာဖြစ်ပါတယ်။ အရင်ဆုံးထိုးတဲ့သူတွေ ဆိုတာ တကယ်ကို အရင်ဦးဆုံးထိုးဖို့လိုလို့၊ အန္တရာယ်အရှိဆုံး လူအုပ်စုတွေဖြစ်လို့၊ တစ်နည်းအားဖြင့် ရောဂါဖြစ်ပွား ကူးစက်မှု အန္တရာယ်များလွန်းလို့ဆိုတဲ့ သဘောကို ပြောခြင်းဖြစ်ပါတယ်။ သူတို့က ကျန်းမာရေးဝန်ထမ်း တွေ၊ သက်ကြီးဘိုးဘွားရိပ်သာတွေမှာ ပြုစုနေတဲ့သူ တွေ၊ အသက်အရွယ်ကြီးတဲ့သူတွေကို အရင်ဆုံးထိုး ပေးမယ်လို့ ပြောခြင်းဖြစ်ပါတယ်။ 
CDC က အမေရိကန်နိုင်ငံကို အခြေခံပြီးစဉ်းစား တာဖြစ်ပြီး WHO က တစ်ကမ္ဘာလုံးကို စဉ်းစားတာ ဖြစ်ပါတယ်။ WHO ပြောတဲ့အချက်မှာ မိမိနိုင်ငံ၊ မိမိ ဒေသနဲ့လျော်ညီတဲ့ သုတေသနအချက်အလက်အပေါ် မူတည်ပြီး ဆောင်ရွက်ရမယ်လို့ ပြောထားခြင်း ဖြစ်ပါ တယ်။ ဘာကြောင့် CDC အနေနဲ့ Booster Dose ထိုးဖို့စပြီး  ဆောင်ရွက်တာလဲဆိုရင်   ပြင်းထန်စွာ ရောဂါဖြစ်ပွားမှုအန္တရာယ်၊  ဆေးရုံတက်ရောက်ရမှု၊ သေဆုံးမှုတွေကို  လျှော့ချချင်လို့   ဖြစ်ပါတယ်။ ဒါ့အပြင် ‘ဒယ်လ်တာ’ မျိုးဗီဇကလည်း သူတို့ကို ဒုက္ခပေးနေပါတယ်။ ကိုဗစ် - ၁၉ ရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်က ပြောင်းနေပါတယ်။  ဖုန်းတွေ  ဗားရှင်း အသစ်မြှင့်တင်သလို သူကလည်း သူမသေအောင်၊ သူရပ်တည်နိုင်အောင် ပြောင်းပါတယ်။ ကူးစက်မှုက မြန်တယ်၊ အလွန်လည်း ကြံ့ခိုင်ပါတယ်။ 
ဒါကြောင့် ကျွမ်းကျင်ပညာရှင်တွေက ‘ဒယ်လ် တာ’  မျိုးဗီဇနဲ့  ပတ်သက်ပြီး  ကာကွယ်ဆေးရဲ့ ထိရောက်မှုကို ဘယ်လောက်အထိလျော့ကျစေသလဲ၊ ဘယ်လောက်အထိ ဆိုးကျိုးဖြစ်စေသလဲ ဆိုတာကို ဆက်လက်ပြီး သုတေသနပြုနေပါတယ်။ ‘ဒယ်လ် တာ’ ကို ကြောက်ပါတယ်။ ဒါကြောင့် ထိုးဖို့ဆုံးဖြတ် တာ ဖြစ်ပါတယ်ဆိုပြီး ပြောထားပါတယ်။ တစ်ကြိမ်ပဲ ထိုးရတဲ့ Johnson & Johnson မှာရော Booster လိုလားဆိုတော့ လိုတယ်လို့ မပြောထားပါဘူး။ သူတို့ ဆက်ပြီး သုတေသနလုပ်နေတယ်လို့ ပြောပါတယ်။ 
နောက်တစ်ချက်က တကယ်လို့ Booster Dose ထိုးဖို့လိုတယ်ဆိုရင် အရင်ထိုးထားတဲ့ ကာကွယ် ဆေးတွေက  အလုပ်မလုပ်တော့လို့လားဆိုတော့  လုံးဝမဟုတ်ပါဘူးလို့  တိတိကျကျ   ဖြေထားပါ တယ်။ ကိုဗစ်-၁၉ နဲ့ပတ်သက်ရင် ကာကွယ် ဆေးတွေက ကောင်းစွာအလုပ်လုပ်ပါတယ်။  ရောဂါ ဖြစ်ပွား၊ သေဆုံးမှုတွေက သို့သော် ‘ဒယ်လ်တာ’ မျိုးဗီဇက  ကူးစက်ပြန့်ပွားမှုတွေရဲ့  လက်သည် အဖြစ်   ရှိနေတဲ့အတွက်  ပြည်သူ့ကျန်းမာရေး ပညာရှင်တွေက ကာကွယ်မှုတွေ လျော့ကျသွား မှာစိုးလို့၊ အကောင်းဆုံး  ကာကွယ်မှုတွေရချင်လို့ ဖြစ်ပါတယ်။  ဒါကြောင့် ထိုးပေးဖို့ ဆုံးဖြတ်တာ ဖြစ်ပါတယ်လို့ ပြောကြားထားပါတယ်။
ဒါဆို Booster Dose နဲ့ Additional Dose တူလားဆိုရင် မတူပါဘူး။ Booster ဆိုတာ အားဖြည့် ပြီး ထိုးတဲ့ကာကွယ်ဆေး ဖြစ်ပါတယ်။ Additional Dose က အပိုဆောင်းကာကွယ်ဆေး ဖြစ်ပါတယ်။ နောက်ခံရောဂါရှိသူ၊   ကိုယ်ခံအား ကျဆင်းနေတဲ့သူ၊ ကိုယ်ခံအားကျဆင်းစေတဲ့ ဆေး သောက်နေရသူတွေ၊ ကင်ဆာဝေဒနာ   ခံစားနေရ သူတွေမှာ  နှစ်ကြိမ်ထိုးခြင်းဖြင့် သူတို့ရဲ့ ကိုယ်ခံ စွမ်းအားက လုံလောက်တဲ့ပမာဏ မထွက်နိုင်တဲ့ အတွက် ကိုယ်ခံစွမ်းအား အပြည့်အဝရအောင် တတိယအကြိမ် အပိုဆောင်း ပေးတာ ဖြစ်ပါတယ်။ Additional  Dose  အပိုဆောင်းကာကွယ်ဆေးက ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီး ၂၈ ရက် အကြာမှာ ထိုးတာဖြစ်ပါတယ်။ 
Booster Dose က ကိုယ်ခံအားတွေ အပြည့် အဝရတယ်။ ဒါပေမယ့် ကာကွယ်ဆေးထိုးပြီး ၈ လ နောက်ပိုင်းမှာ အတိုင်းအတာတစ်ခုအထိ လျော့ သွားမှာစိုးလို့ ထပ်ပြီးအားဖြည့်တဲ့အနေနဲ့ ထိုးပေး တဲ့ သဘောဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Additional Dose က သာမန်လူတွေမှာ မလိုပါဘူး။ သာမန်လူ လောက်   ကိုယ်ခံစွမ်းအား   မတက်တဲ့သူတွေကို Additional Dose ပေးခြင်း ဖြစ်ပါတယ်။ 
အချုပ်အားဖြင့် ပြောမယ်ဆိုရင် အသက်ကြီးတဲ့ သူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေက   Booster Dose ထိုးဖို့ CDC က  ပြောပါတယ်။ လက်ရှိမှာ နိုင်ငံတိုင်းက Booster Dose ထိုးဖို့ မလိုအပ်သေးပါ ဘူး။ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံ တွေကို WHO က Booster Dose ထိုးဖို့ မပြော ထားပါဘူး။ ဒါကြောင့် Booster Dose ထိုးဖို့မလိုဘူး လို့ ကျွန်မအနေနဲ့  ပြောချင်ပါတယ်။ ကျေးဇူးတင် ပါတယ်။       ။